( ၇၉ )နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ

Feb 12, 2026 | Statement | 0 comments

မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွနေထိုင်ခဲ့ကြသော တိုင်းပြည်ဖြစ်ပါသည်။ ဘာသာ မရွေး၊ လူမျိုးမရွေး ချစ်ကြည်ရင်းနှီးစွာဖြင့် ရှေးပဝေသဏီက အစပြု၍ အတူယှဉ်တွဲငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပါသည်။ တိုင်းရင်းသားလူမျိုးများသည် ကိုယ့်ဒေသအသီးသီးတွင် မိမိတို့ဓလေ့ထုံးတမ်းအရ လူနေမှုစံနစ်များကို တည်ထောင်ကာ လွတ်လပ်စွာရပ်တည်၊ နေထိုင်ခဲ့ကြပါသည်။ သို့သော် ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် လူမျိုးအချင်းချင်း တိုက်ခိုက် သိမ်းပိုက်၊ လက်အောက်ခံအဖြစ် အုပ်ချုပ်စိုးမိုးမှုများလည်း ရှိခဲ့ပါသည်။

ကိုလိုနီခေတ်တွင်လည်း ကျွန်ပြုအုပ်ချုပ်မှု၊ သွေးခွဲအုပ်ချုပ်မှုများအပြင် အိန္ဒိယအုပ်ချုပ်ရေးထဲ ထည့်သွင်းမှု၊ ပြန်လည်ခွဲထုတ်မှုများတွင် နယ်နမိတ်များကို အုပ်ချုပ်ရေးနှင့် ကုန်သွယ်ရေးအဆင်ပြေမှု အပေါ်တွင် မူတည်၍ ရွေးဆွဲခဲ့မှု များကြောင့် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများဆုံးရှုံးခဲ့ရပါသည်။ ညီညွတ်ရေး ပျက်ပြားခဲ့ပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း ဦးစီးကာ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပင်လုံညီလာခံတွင် ဆွေးနွေးညှိနှိုင်းကာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။ အနှစ်သာရမှာ လွတ်လပ်ရေးကို အားလုံးအတူတကွ ရယူရန်နှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံ သော ပြည်ထောင်စုကြီးကို တည်ဆောက်ရန်ဖြစ်ပါသည်။

သို့သော် ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် တက်လာသော နိုင်ငံရေး၊ စစ်ရေးအာဏာပိုင်များ၏ ပြည်ထောင်စုမူများကို ပစ်ပယ်ခဲ့မှုနှင့် နိုင်ငံရေးပြသနာများကို ဆွေးနွေးအဖြေမရှာခဲ့မှုများကြောင့် တိုင်းရင်းသား လူမျိုးစုများ၏ လက်နက်ကိုင်တွန်းလှန်မှုများပေါ်ပေါက်လာသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

မိမိတို့ မြန်မာပြည်သားတိုင်း၏ တာဝန်မှာ ပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသား လူမျိုး များ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ပြည်ထောင်စုစံနစ် တရပ်ကို အမြန်ဆုံး တည်ဆောက်ရန်ပင် ဖြစ်ပါသည်။ သို့ဖြစ်သည့် အားလျော်စွာ မဆုတ်မနစ် ဆက်လက်ကြိုးပမ်း အားထုတ်သွားကြပါရန် ဤပြည်ထောင်စုနေ့ကြီးတွင် အလေးအနက် ပန်ကြားအပ်ပါသည်။

ဤသို့ကြိုးပမ်းအားထုတ်ခဲ့ကြသော၊ ဆက်လက်ကြိုးပမ်းနေကြသော သူရဲကောင်းအပေါင်းအားလည်း အထူး တလည်ဂုဏ်ပြုအပ်ပါသည်။ တိုက်ပွဲတွင် အသက်၊ သွေး၊ ချွေး၊ ကိုယ်အင်္ဂါစွန့်လွှတ် အနစ်နာခံခဲ့ကြသူ အပေါင်းအားလည်း ဦးညွှတ်အလေးပြုပါသည်။

May 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...