The Space နှင့် မဲဆောက်အိမ်တို့မှ ဦးဆောင်ကျင်းပသော ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism Campaign) ဘောလုံးပြိုင်ပွဲ

The Space နှင့် မဲဆောက်အိမ်တို့မှ ဦးဆောင်ကျင်းပသော ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism Campaign) ဘောလုံးပြိုင်ပွဲ

The Space နှင့် မဲဆောက်အိမ်တို့မှ ဦးဆောင်ကျင်းပသော ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism Campaign) ဘောလုံးပြိုင်ပွဲတွင် မိတ်ဖွဲ့ WLRC အဖွဲ့မှ ဖွဲ့စည်းသော ဘောလုံးအသင်း၌ New Myanmar Foundation မှပူးပေါင်း၍ ချစ်ကြည်ရေးအထိမ်းအမှတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားကျင်းပခြင်း

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားကျင်းပခြင်း

ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ အမျိုးသမီးအကြမ်းဖက်မှုများတားဆီးကာကွယ်ခြင်းဆိုင်ရာ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း အမျိုးသမီးအကြမ်းဖက်မှု များပပျောက်ရေးနှင့်တားဆီးကာကွယ်ခြင်းတို့အတွက် သိမှတ်ဖွယ်ရာ အမှာစကားများ အသီးသီး မျှဝေ ပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် ကမ္ဘာအဝှမ်းရှိ အမျိုးသမီးများအပေါ် အခြေအနေအရပ်ရပ်ဖြင့်အကြမ်းဖက်ခံရခြင်းများ၊ အကြမ်းဖက်ခြင်းကို တားဆီးကာကွယ်ရန်နှင့် အကြမ်းဖက်ခံရခြင်းများပပျောက်ရန်တို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန် မီးမောင်းထိုးပြသည့် အကြောင်းအရာများပါ၀င်သောလက်ကမ်းစာစောင်များကိုလည်း ‌ပေး‌ဝေခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအားနေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation

ကမ္ဘာတစ်ဝှမ်းရှိကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုတို့မှ တားဆီး၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ရေးနေ့ နှင့် ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနားကျင်းပခြင်း

ကမ္ဘာတစ်ဝှမ်းရှိကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုတို့မှ တားဆီး၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ရေးနေ့ နှင့် ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနားကျင်းပခြင်း

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်။

နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်ခဲ့သော ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုတို့မှ တားဆီး၊ ကာကွယ်ခြင်းနှင့် ပြန်လည် ထူထောင်ရေးနေ့ အခမ်းအနားနှင့်အတူ လာမည့် နိုဝင်ဘာလ ( ၂၀ ) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးသူငယ် များနေ့ အကြိုအခမ်းအနားအား New Myanmar foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Executive Director ‌ဒေါက်တာ စန်းအောင်မှ ကလေးသူငယ်များနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း ကလေးသူငယ်များဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာအသိပညာများ အသီးသီး ပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ ချိုး ဖောက်ခံရခြင်းများအား ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများပါ၀င်သော လက်ကမ်းစာစောင်များကိုလည်း ‌ပေး‌ဝေခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား မုန့်များဖြင့်တည်ခင်း ဧည့် ခံကျွေးမွေးခြင်း၊ ကလေးငယ်များနှင့်ပျော်ရွှင်စွာဆော့ကစားပြီး လက်ဆောင်ပစ္စည်းများပေးဝေခဲ့ပြီးနောက် အခမ်း အနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation မှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှု အခမ်းအနားကျင်းပခြင်း

New Myanmar Foundation မှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှု အခမ်းအနားကျင်းပခြင်း

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်။

နိုဝင်ဘာလ (၁၁) ရက်၊ ၂၀၂၃ ခုနှစ်တွင် (၁၁၁၁) အောင်သပြေလှုပ်ရှားမှု အခမ်းအနားအား New Myanmar foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Executive Director ‌ဆရာဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်သူ့ပန်းတိုင်မှ ဆရာနောင်ရိုး၊ မေမေ့ရင်ခွင် Foundationမှ ဆရာဦးသန်းမြင့်အောင် နှင့် Breaking Brainwork Media မှ ဆရာထက်မြက် တို့မှလည်း အသီးသီးအမှာစကားများ ပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် မြန်မာပြည်တွင်းရှိ ပြည်သူ့ရဲဘော်များဆင်နွှဲလျက်ရှိသော စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲများတွင် အောင်ပွဲများ ဆွတ်ခူးနိုင်စေရန်နှင့် အကြမ်းဖက် စစ်တပ်လက်အောက်မှ တပ်ဖွဲ့ဝင် များအနေဖြင့်လည်း ဖက်ဆစ် စစ်တပ်ကို အမြန်ဆုံးစွန့်ခွာ၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး သပြေပန်းများ ဖလှယ်ခဲ့ကြပြီး (၁၁၁၁) အောင်သပြေလှုပ်ရှားမှုအခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Tele-Health Programမှထိုင်းနိုင်ငံ မဲဆောက်မြိုရှိမြန်မာအများစုနေထိုင် အလုပ်လုပ်ကိုင်ရာနေရာများတွင်ကျန်းမာရေးဆိုင်ရာပညာပေးအစီအစဥ်များလုပ်ဆောင်ခြင်း

Tele-Health Programမှထိုင်းနိုင်ငံ မဲဆောက်မြိုရှိမြန်မာအများစုနေထိုင် အလုပ်လုပ်ကိုင်ရာနေရာများတွင်ကျန်းမာရေးဆိုင်ရာပညာပေးအစီအစဥ်များလုပ်ဆောင်ခြင်း

New Myanmar Foundation သည် စစ်အာဏာသိမ်းချိန်မှစ၍ မိမိတို့ အသက် အန္တရာယ်ကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသူများ၊ CDM များအား ကျန်းမာရေးစောင့်ရှောက်မှုကို စဥ်ဆက်မပြတ် ကူညီထောက်ပံ့လျက်ရှိပါသည်။

ယခုနို၀င်ဘာလအတွင်းတွင် မဲဆောက်မြို့ရှိ မြန်မာအများစုနေထိုင်၊အလုပ်လုပ်ကိုင်နေကြသော ရွာများ၊ Safe House များ၊ စက်ရုံ/အလုပ်ရုံများနှင့် ကျောင်းများတွင် New Myanmar Foundation ၏ ဆရာ၀န် နှစ်ဦးမှ ဦးဆောင်၍ ကျန်းမာရေးပညာပေး ဟောပြောပွဲများနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းအထောက်အပံ့များကို ဆောင်ရွက်လျက်ရှိပါသည်။ ဟောပြောပွဲခေါင်းစဥ်များ အနေဖြင့် “၀န်းကျင်သန့်ရှင်းရေးနှင့် ဖြစ်ပွားတတ်သော ရောဂါများ”၊ “သားဆက်ခြားရေးဆိုင်ရာဗဟုသုတများနှင့် မိသားစုစီမံချက်” အစရှိသည့် ခေါင်းစဥ်များဖြင့် ထိရောက်စွာ ဟောပြောခဲ့ကြပါသည်။ လိုအပ်သောနေရာများတွင် ရောဂါရှာဖွေစစ်ဆေးမှုများကို လည်း အခမဲ့ စမ်းသပ်ကူညီပေးခဲ့ကြပါသည်။

မြန်မာပြည်သူ၊သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀) ပြည့် အခမ်းအနားကျင်းပ

မြန်မာပြည်သူ၊သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀) ပြည့် အခမ်းအနားကျင်းပ

နို၀င်ဘာလ (၅) ရက်၊ ၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူ၊သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀)ပြည့် အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာဆန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသူများမှလည်း အသီးသီး အမှာစကားများနှင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမှစ၍ မြန်မာပြည်သူ၊သား များ၏ လူ့အခွင့်အရေးများ မည်သို့ မည်ပုံဆုံးရှုံးခဲ့ရသည်တို့ကို အကျယ်တ၀င့်ပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် လူ့အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံသားတိုင်းသိရှိရန်လိုအပ်သည့် အကြောင်းအရာများပါ၀င်သော လက်ကမ်း စာစောင်များကိုလည်း ‌ပေး‌ေ၀ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။