နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (70) သင်တန်းဆင်းပွဲ

Nov 17, 2025 | Activities, Sewing machine | 0 comments

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(3)ရက်နေ့မှနိုဝင်ဘာလ(၁၄) ရက်နေ့အထိ(၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၇၀) သင်တန်းဆင်းပွဲ အခမ်းအနားကို၂၀၂၅ခုနှစ်၊ နိူဝင်ဘာလ(14)ရက်နေ့ ညနေ(၀၁: ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း အပတ်စဉ်(၇၀)ကိုတက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၈)ယောက်၊ သင်တန်းသား(၂) ယောက် စုစုပေါင်း (၁၀) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်မေသန္တာလှိုင်း မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံး သွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ် ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်းဆရာမထံအကူအညီတောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့်ပြန်လည်အကျိုးပြုကြစေလိုကြောင်းနှင့်လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ် မြောက်မြောက် ထိထိရောက်ရောက် လုပ်စေလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးရေး တာဝန်ခံ ကိုဝေယံကျော်မှလည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်၍ သိရှိထားရမည့် အချက်များကို သေချာစွာရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့် သင်ကြား ပြသပေးခဲ့သော သင်တန်းဆရာမကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အလုပ်အကိုင်များချိတ်ဆက်ရှာဖွေပေးသော ကိုဝေယံကျော်ကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းသား၊သင်တန်းသူများအချင်းချင်းမိသားစုဝင်များကဲ့သို့တစ်ဦးနှင့်တစ်ဦးစည်းစည်းလုံးလုံးရှိကာတစ်ဦး၏လိုအပ်ချက်ကိုတစ်ဦးကကူညီရိုင်းပင်းကြရန်နှင့်အကူအညီလိုအပ်ပါကလည်းအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ကြောင်း၊သင်တန်းသားသင်တန်းသူတို့၏အကြံပြုချက်များအတွက်ကျေးဇူးတင်ကြောင်းနှင့်ထိုအကြံပြုချက်များကိုလည်း တက်နိုင်သလောက် ကြိုးစားပြီးလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/သင်တန်းသားတစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ၊သား (၁၀) ဦး တို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...