စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၃) အတွက် သင်တန်းသားခေါ်ယူခြင်း

Oct 20, 2025 | Agriculture Training, ANNOUNCEMENT | 0 comments

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။

မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၆) သင်တန်းကို လာမည့် (၃ ရက် နိုဝင်ဘာလ မှ ၂၇ ရက် နိုဝင်ဘာလ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။

မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/ မိမိတို့နေအိမ်မှ လာရောက် သင်တန်းတက်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ (၅း၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာများ လျှောက်ထားရမည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်ရန် ရွေးချယ်ခံရသည့်သူများကိုသာ ပြန်လည်ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ပါသည်။

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်

သင်တန်းကာလ ။ ။ နိုဝင်ဘာလ ၃ ရက် မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ။ တပတ် (၆)ရက်။ (တနင်္ဂနွေ တရက်ပိတ်ပါသည်)

သင်တန်းအချိန် ။ ။ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။

သင်တန်းတည်နေရာ ။ ။ မဲဆောက်မြို့။

ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ။ ၁၅ ဦး။ (အမျိုးသမီးများ ဦးစားပေးရွေးချယ်ပါမည်။)

ခံစားခွင့် ။ ။ သင်တန်းတက်ရောက်သူများအား စားစရိတ်အနေဖြင့် သင်တန်းကာလအတွင်း တစ်ဦိး လျှင် ဘတ် (၃၀၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

မှတ်ချက် ။ ။ သင်တန်းဆင်းပြီးပါက အမှန်တကယ် စိုက်ပျိုးရေးအလုပ်ဖြင့် ပြန်လည်လုပ်ကိုင်မည့် သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် >>

https://forms.gle/7jWuNZiohjb4CUTT6

မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက သင်တန်းတာဝန်ခံ ဖုန်းနံပါတ် 𝟎𝟔𝟓𝟐𝟖𝟒𝟏𝟒𝟖𝟗၊ အီးမေးလ် 𝐤𝐡𝐢𝐧𝐡𝐥𝐚𝐡𝐭𝐚𝐲𝟐𝟎𝟐𝟐𝐚𝐲𝐲@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီ အထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ New Myanmar Foundation မှ စိုက်ပျိုးရေးသင်တန်းများအား ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါအပတ်စဉ် (၁၂)ခုအား အောင်မြင်စွာသင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ (၁၂၆)ဦးအား မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...