အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၅) အတွက်သင်တန်းသားခေါ်ယူခြင်း

Jul 9, 2025 | ANNOUNCEMENT, Language Training | 0 comments

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ တွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက် အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၅) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာ စကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင် ပါသည်။

ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့်သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက် နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

1. Section 𝗔: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၇ နာရီ မှ ၉ နာရီ

2. Section 𝗕: အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေ ၇ နာရီ မှ ၉ နာရီ

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇူလိုင်လ (၉) ရက်မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ဦးစွာလျှောက်ထားသူ (၂၀၀) ဦးအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၆၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၃၀) ဦးနှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၆၀) ဦးကို လက်ခံသင်ကြား ပေးသွားမည်။

လျှောက်ထားသူများအနေဖြင့်လည်း သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စား၍ ပြီးဆုံးအောင် တက်ရောက် နိုင်မှသာ လျှောက်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Telegram (သို့) E mail မှတဆင့် ပြန်လည်အကြောင်းကြား ပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများ အနေဖြင့် မိမိတို့၏ Telegram (သို့) E mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ သင်တန်းတက်ရောက် ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေး အပ်ပါသည်။

New Myanmar Foundation ၏ ထိုင်းဘာသာစကား အွန်လိုင်းသင်တန်း အပတ်စဉ် (၁၅)အပေါ် စိတ်ပါဝင်စား စွာ စာရင်းပေးသွင်းကြသူများထဲမှ သင်တန်းကာလ (၃ လ) အစမှ အဆုံးထိ တက်ရောက်ပါမည်ဟု ကတိပြု သူများ၊ ကင်မရာဖွင့်၍ စာသင်ခန်းတွင်း တက်ကြွစွာပါ၀င်ဆွေးနွေးနိုင်သူများ၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ဦးစားပေးရွေးချယ်ပါမည်။ သင်တန်းသည် လုံး၀အခမဲ့ ဖြစ်သည့်အပြင် သင်တန်းပုံမှန်တက်ရောက်သူများအား Data Fees နှင့် Certificate ချီးမြှင့်မည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/2SZaCpqXMcwghViH8

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြ ပါ ဖုန်းနံပါတ်၊ Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation)

Phone: +66 082 373 7160

Email: [email protected]

Telegram

Phone number +66 82 373 7160

User Name @NMFTHAILANGUAGEONLINE

June 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...