ဒေါ်အောင်ဆန်းစုကြည် အနှစ်(၈၀)မြောက် မွေးနေ့ဆုတောင်းသဝဏ်လွှာ

Jun 19, 2025 | ANNOUNCEMENT, Statement | 0 comments

ယနေ့ကျရောက်သော လူထုခေါင်းဆောင်‌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း၊ အနှောင်အဖွဲ့ အတားအဆီး အချုပ် အနှောင်များမှ အမြန်ဆုံးလွတ်မြောက် ပါစေကြောင်းနှင့်ပြည်သူလူထုကို ဆက်လက် ဦးဆောင်ပြီး သူမနှင့်တကွ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီပြည်ထောင်စုစနစ်ကြီးကို အလျင် အမြန်တည်ဆောက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမြော်အမြင်ကြီးကြသော တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို တစည်းတလုံးတည်း ရယူရန်နှင့် တိုင်းရင်းသားတိုင်းတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်မည့် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုခဲ့ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါသည်။

သို့သော် ခေါင်းဆောင်ကြီးများလုပ်ကြံခံရပြီးနောက် ပင်လုံစာချုပ်ပါ အနှစ်သာရများကို အာဏာပိုင်များမှ ပစ်ပယ်ခဲ့မှု အပေါ်မူတည်၍ ပေါ်ပေါက်လာသော မကျေလည်မှုများအပါအဝင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်စစ်တပ်အားကိုးဖြေရှင်းမှုများကြောင့် နောက်ဆုံးတွင် စစ်တပ်မှ အာဏာသိမ်းကာ တတိုင်းပြည်လုံး စစ်ကျွန်ဘဝသို့ ရောက်ရှိခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီ‌ရေးတို့အတွက် မရေတွက်နိုင်သော နိုင်ငံသားကောင်းများနှင့် မိသားစုများ ကြေပြုန်းခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူများအားလုံးသည် မိမိတို့၏ လူ့အခွင့်‌‌အရေး များနှင့် မျှော်မှန်းချက်များ ဆုံးရှုံးနေခဲ့ရပါသည်။

အာဏာရှင်စံနစ်ပယ်ရှားသုတ်သင်ရေးနှင့် ဒီမိုကရေစီပြည်ထောင်စုပြည်ထောင်စုကြီးတည်ဆောက်ရေး အမျိုးသားကြိုးပမ်းမှုကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ်မှစ၍ ပြည်သူကို တောက်လျှောက် ဦးဆောင်ကာ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ၎င်းဦးဆောင်မှုသည် မြန်မာပြည်သူအများအတွက် မီးရှုးမီးတိုင်၊ အားကိုးရာ၊ အားထားရာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့မွေးနေ့သာမယတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူတရပ်လုံးသည် မိမိတို့နှင့် ထိုက်တန်လှသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြည့်ဝသော ပြည်ထောင်စုစနစ်ကြီးကို ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#NMF

March 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...