နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနား

Jun 11, 2025 | Agriculture Training | 0 comments

N𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၇) ဦး နှင့် အမျိုးသား သင်တန်းသား (၆) ဦး စုစုပေါင်း (၁၃) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။

သင်တန်းတာဝန်ခံ ဒေါ်ခင်လှဌေးမှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၉) ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခက်ခဲရှိပြီး ရပ်တည်ရေးအတွက်ခက်ခဲနေသည့် မြန်မာပြည်သူများ မိမိကိုယ်ကိုရပ်တည်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၃၀) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် အမျိုးသားမှာအမျိုးသမီးများအားကာကွယ်စောင့်ရှောက်ရန်၊ ဘေးပါတ်၀န်းကျင်ကို အနှောက်အယှက်မပေးရန်၊ထိုင်းနိုင်ငံမှ နှင့် ထိုင်းဥပဒေကိုလေ့လာခြင်းဖြင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ရန်၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်ရာများနှင့် အခက်အခဲများကို သင်တန်းဆရာနဲ့ မိမိကို အချိန်မရွှေးဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လေးစားလိုက်လိုက်နာရန်နှင့် ထပ်မံ ဖြည့်စွက်အနေဖြင့် ခွင့်မဲ့ပျက်ကွက် ခြင်းနှင့်ပါတ်သက်သည့် စည်းကမ်းချက် များအကြောင်း၊ သင်တန်းသားတစ်ဦး စီတိုင်းက သင်တန်းအောင်မြင်စွာ ပြီးဆုံးရေးအတွက် တာ၀န်ကိုယ်စီရှိကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ သင်တန်းဆရာ မှ စိုက်ပျိုးရေးသင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာ ကြိုဆိုကြောင်း ၊ တပိုင်တနိုင်စိုက်ပျိုးနည်းဖြစ်ပြီး မိမိကိုယ်ကို ရပ်တည်နိုင်မည့် လုပ်ငန်း ဖြစ်ကြောင်း၊ထောက်ပံ‌ငွေကြောင့် မဟုတ်ဘဲ ပညာကိုအဓိကထားသင်ယူရန်နှင့် ယခု ‌သင်တန်းသားများ ၏အောင်မြင်မှုသည် နောက်လူများအတွက် အခွင့်အရေး ဖြစ်ကြောင်း အမှာစကား ပြောဆိုခဲ့သည်။ ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...