New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၈) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

Apr 22, 2025 | Activities, ANNOUNCEMENT, Sewing machine | 0 comments

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၅၈)အတွက် သင်တန်းသားသစ် (၁၀)ဦး ထပ်မံ ခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့် အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစု တန်းတူ အခွင့်အရေးများနှင့်အညီ အသက် (၄၀)နှစ်အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ် သွားမည် ဖြစ်ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။)

သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် နိုင်ရန် ၂၀၂၅ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှ မှ ၃၀ ရက်နေ့၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (google form) လင့်ခ်မှတစ်ဆင့် ဖောင်ဖြည့်သွင်း လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ် ပါသည်။

ကြိုတင်အသိပေးကြော်ငြာချက်

• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့ အနေဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါအချက်အလက်များအား သေချာစွာဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။

• ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာ ဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့် သူများသာ လျှောက်ထားပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

လျှောက်ထားသူများထဲမှ တက်ရောက်ရန် ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင် လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန်ဆက်သွယ် သွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် Link:

https://forms.gle/jm6qbPjFLAaect2p6

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation) ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံ သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

ဝေလျှံပိုင်

Phone: +66 633849910

Signal: +66 633849910

Email [email protected]

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...