Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

Apr 18, 2025 | ANNOUNCEMENT, Counselling | 0 comments

နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်) ကို

အောက်ပါစိတ်ပိုင်းဆိုင်ရာခံစားချက်များနှင့်ပြသနာများခံစားနေရပါက အောက်ဖော်ပြပါ linkမှတဆင့် ဘိုကင်ယူ၍ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) online မှဖြစ်စေ ဆွေးနွေးနိုင် ပါသည်။

• မိမိ၏ခံစားနေရသောစိတ်ဖိစီးမှုများကို မိမိကိုယ်တိုင်မဖြေရှင်းနိုင်တော့ခြင်း။

• ဘေးအန္တရာယ် (crisis) တစ်ခုခုနှင့်ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်း ဆိုင်ရာနှင့်လူမှုပတ်ဝန်းကျင်မှုပိုင်းဆိုင်ရာတွင်ပြသနာရှိနေခြင်း။

• အနှုတ်လက္ခဏာဆောင်သောအတွေးများ (Negative Emotion) များနေခြင်း။

• အကောင်းဘက်မှတွေးတောဆင်ခြင်မှု (Positive Thinking) အားနည်းခြင်း။

• မိမိကိုယ်ကိုစောင့်ရှောက်မှာ(Self-Care) အားနည်းခြင်း

နှစ်သိမ့်ဆွေးနွေးမှုခံယူလိုပါက

နေ့ရက် ။ ။အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့

အချိန် ။ ။မနက် ၁၀နာရီမှ ညနေ ၄နာရီ အထိ

တည်နေရာ ။ ။ မာလွေအိမ်ယာ၊ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) online မှဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

ဆွေးနွေးမည့်သူများဘိုကင်ယူရန် 𝑳𝒊𝒏𝒌 –

https://forms.gle/7dCq71zbV7uQ9AwY8

နှစ်သိမ့်ဆွေးနွေးမှုခံယူရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းချက်များရှိပါက တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

တာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation)

Phone: +66 943 846 984

Email: [email protected]

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...