နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ

Apr 17, 2025 | ANNOUNCEMENT, Sewing machine | 0 comments

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ (၁၁) ရက်အထိ (၁၁) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော နယူးမြန်မာ ဖောင်ဒေးရှင်း (New Myanmar Foundation) ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ညနေ (၀၃ : ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ် ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၅၆) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ စုစုပေါင်း (၇) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ နယူးမြန်မာဖောင်ဒေးရှင်း၏ မြေပြင်ချိတ်ဆက်ရေး တာဝန်ခံ ဒေါ်စတယ်လာမှ သင်တန်းမှတဆင့် သင်တန်းသူများအနေဖြင့် အဆက်အသွယ်ကောင်းများ၊ အခွင့်အလမ်းကောင်းများ ရရှိမည်ဟု မျှော်လင့်ကြောင်းနှင့် လုပ်ငန်းခွင်ဝင်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်ချက်များအကြောင်းကို မှာကြားခဲ့ပါသည်။

သင်တန်းဆရာမ ဒေါ်သီတာ မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ် ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမထံ အကူအညီတောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလို ကြောင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ်မြောက်မြောက်ထိထိရောက်ရောက် လုပ်စေလိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးရေး တာဝန်ခံ ကိုညီညီဦးမှလည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်၍ သိရှိထားရမည့် အချက်များကို သေချာစွာရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့် သင်ကြား ပြသပေးခဲ့သော သင်တန်းဆရာမကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အလုပ်အကိုင်များချိတ်ဆက်ရှာဖွေပေးသော ကိုညီညီဦးကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းသား၊ သင်တန်းသူများအချင်းချင်း မိသားစုဝင်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးရှိကာ တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ကူညီရိုင်းပင်းကြရန်နှင့် အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ်မေးမြန်း နိုင်ကြောင်း၊ သင်တန်းသားသင်တန်းသူတို့၏ အကြံပြုချက်များအတွက်ကျေးဇူးတင်ကြောင်းနှင့် ထိုအကြံပြုချက်များ ကိုလည်း တက်နိုင်သလောက် ကြိုးစားပြီးလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ (၁၀) ဦး တို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...