မတရားဖမ်းဆီးခံရခြင်းများအတွက်ဥပဒေရေးရာ အကူအညီပေးရေးအစီအစဉ်အတွက် တာ၀န်ခံတစ်ဦး ခေါ်ယူခြင်း

Mar 14, 2025 | ANNOUNCEMENT, SAFE HOUSE | 0 comments

ရာထူး : 𝐋𝐞𝐠𝐚𝐥 𝐀𝐢𝐝 𝐎𝐟𝐟𝐢𝐜𝐞𝐫

အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း

လျှောက်လွှာလက်ခံမည့်ကာလ : ၁၄.၃.၂၀၂၅ မှ ၂၃.၃.၂၀၂၅ အထိ

အလုပ်တည်နေရာ : မဲဆောက်

အစမ်းခန့်ကာလ : ၃ လ

လစာ : ဘတ် ၁၅၀၀၀ နှင့် အထက်

အစီရင်ခံရမည့်သူ : 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫

နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ရန်ရှိသည့် ဥပဒေရေးရာအကူအညီပေးရေး အစီအစဉ်အတွက် တာဝန်ခံ တစ်ဦးလိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

မဲဆောက်ရှိ မြန်မာအသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ဖမ်းဆီးခံရခြင်းများ၊ အမှုအခင်းများ၊ မတရား ကျူးလွန်ခံရခြင်းများအတွက် –

📌 ဥပဒေရေးရာ ကျွမ်းကျင်နားလည်ပြီး ဆက်စပ်ကူညီပေးနိုင်ရမည်။

📌 အခြားမြန်မာအဖွဲ့အစည်းများ၊ ထိုင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရမည်။

📌 အများအကျိုးအတွက် ရှေးရှုဆောင်ရွက်လိုသောစိတ်ဖြင့် ဝိုင်းဝန်းကူညီနိုင်ရမည်။

📌 မဲဆောက်ရှိ ရဲစခန်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အခြားသော ဌာနများသို့ လိုအပ်သလို နေ့/ည သွားရောက်၍ ကူညီဖြေရှင်းပေးနိုင်ရပါမည်။

လိုအပ်သောအတွေ့အကြုံနှင့် အရည်အချင်းများ

📌 ဥပဒေဘွဲ့ရ (သို့) ဥပဒေရေးရာကျွမ်းကျင်သူ

📌 ထိုင်းဘာသာစကား နှင့် English ဘာသာစကား နစ်မျိုးလုံးအား နားလည်ကျွမ်းကျင်ပြီး ရေးတတ်ဖတ်တတ်ပြောတတ်သူဖြစ်ရမည်။

📌 Microsoft Office (Word/Excel, etc.) အသုံးပြုနိုင်သူဖြစ်ရမည်။

📌 ဥပဒေရေးရာ ဆက်စပ်ကူညီမှုနှင့် ပတ်သတ်သော အတွေ့အကြုံ (၁) နှစ် အနည်းဆုံးရှိရမည်။

📌 အများအကျိုးအတွက် တတ်ကြွစွာလုပ်ဆောင်နိုင်ပြီး လူအများနှင့် ဆက်ဆံပြောဆိုရာတွင် ပြေပြစ်သူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လို စိတ်ရှိသူ ဖြစ်ရမည်။

အခြားလိုအပ်ချက်များ

📌 ထိုင်းနိုင်ငံအတွင်း တရား၀င်နေထိုင်ခွင့် အထောက်အထား တစ်ခုခုရှိရမည်။

📌 အစမ်းခန့်ကာလအပါအဝင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။

📌 ဆိုင်ကယ် နှင့် ကားမောင်းနှင်တတ်သူ ဦးစားပေးမည်။

လျှောက်လွှာတင်ရန် : 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

📌 𝗖𝗼𝘃𝗲𝗿 𝗹𝗲𝘁𝘁𝗲𝗿 နှင့် 𝗖𝗩 𝗙𝗼𝗿𝗺 အား အထက်ပါ 𝗘𝗺𝗮𝗶𝗹 သို့ ပေးပို့ပေးပါရန်။

📌 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲, 𝗗𝗲𝗴𝗿𝗲𝗲, 𝗗𝗶𝗽𝗹𝗼𝗺𝗮𝘀 များအား 𝗖𝗩 𝗙𝗼𝗿𝗺 နှင့် ပူးတွဲပေးပို့ပေးပါရန်။

📌 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

📌 လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (𝐒𝐡𝐨𝐫𝐭 𝐥𝐢𝐬𝐭𝐞𝐝 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

𝗛𝗥 & 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁

𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...