လူ့အခွင့်အရေးအစီအစဉ်မှ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အချက်အလက်ကောက်ယူမှတ်တမ်းတင်ခြင်း အယ်ဒီတာ ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခြင်း

Feb 20, 2025 | ANNOUNCEMENT, Human Rights, Job Vacancy | 0 comments

New Myanmar Foundation သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အချက်အလက်ကောက်ယူမှတ်တမ်းတင်ခြင်းလုပ်ငန်း (၅) နှစ်တာ အစီအစဥ် အား လုပ်ဆောင်လျက်ရှိရာ ၎င်းမှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွင် တာ၀န်ထမ်းဆောင်ရန် အချက်အလက် မှတ်တမ်းတင် အယ်ဒီတာ ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာအချက်အလက်များအား စိစစ်ပြင်ဆင် ရေးသားသူ(Data Editor)

လျှောက်လွှာလက်ခံမည့်ကာလ ၂၀ရက် ၊ ဖေဖော်ဝါရီလ၂၀၂၅ မှ ၀၅ မတ်လ၂၀၂၅ အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃ လ

လစာ ဘတ် ၁၁,၀၀၀

အစီရင်ခံရမည့်သူ Human Rights Program Manager

ခန့်အပ်မည့်ဦးရေ (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

📍 Editor မှ Documentation Team တစ်ခုလုံးအား ဦးဆောင်ပြီး ပြည့်စုံကောင်းမွန်မှန်ကန်သော အချက်အလက်များပါရှိသည့် လူ့အခွင့်အရေး မှတ်တမ်းအစီရင်ခံစာများ ထွက်ရှိရန် အစီအစဉ်ရေးဆွဲခြင်း၊ မှတ်တမ်းအစီရင်ခံစာများရေးသားပြုစုခြင်းနှင့် အဖွဲ့ဝင် Online/Ground Data Collectors များအား သတင်းအချက်အလက်ကောက်ယူဖြည့်သွင်းခြင်းနည်းစနစ်များ သင်ကြားပြသခြင်းနှင့် အကြံပြုခြင်း၊

📍 Online/Ground Data Collectors များမှ ကောက်ယူဖြည့်သွင်းထားသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို စိစစ်ပြင်ဆင်ခြင်း၊ Data Collector များနှင့် လိုအပ်သလို ဆွေးနွေး ညှိနှိုင်းခြင်း၊ Guideline ချမှတ်ပေးခြင်း၊

📍 ကောက်ယူလာသောအချက်အလက်များအား စုစည်းပြီး ပြည့်စုံသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ များအား သတ်မှတ်ထားသော ရက်၌ မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်ပြန်ခြင်း (သတ်မှတ်ထားသော အစီရင်ခံစာများမှာ လစဉ်အစီရင်ခံစာ၊ သုံးလပတ် အစီရင်ခံစာ နှင့် နှစ်ကုန်အစီရင်ခံစာ တို့ဖြစ်သည်။)၊

📍 လူအခွင့်အရေးချိုးဖောက်မှုများအား စောင့်ကြည့်မှတ်တမ်းတင်နေသော ပြည်ပအဖွဲ့အစည်းများမှ ဖော်ပြထားသောအချက်အလက်များအားလည်း လိုအပ်ပါက စုစည်းဘာသာပြန်ပြီး လူ့အခွင့်အရေး မှတ်တမ်းအစီရင်ခံစာတွင် ထည့်သွင်းခြင်း၊

📍 ဆိုးရွားပြင်းထန်စွာကျူးလွန်ခံသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အချိန်နှင့်တပြေးညီ သဘော ထားထုတ်ပြန်ချက် (Statement) ထုတ်ပြန်နိုင်ရေး မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ရေးသား ပြုစုခြင်း၊

📍 လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က လုပ်ဆောင်နေသောလုပ်ငန်းများအား ရန်ပုံငွေထောက်ပံ့သည့် အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများနှင့်တွေ့ဆုံသော အစည်းအဝေးမျာ;တွင်လည်းကောင်း၊ မှတ်တမ်းတင်ပြုစု ထားသည့် အချက်အလက်နှင့် အစီအရင်ခံစာများကို လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ/ အစည်းအဝေးများတွင်လည်းကောင်း မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် တင်ပြဆွေးနွေး ပြောဆိုခြင်း၊

📍 လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား လစဉ် သတ်မှတ်ထားသောရက်၌ Program Manager ထံတင်ပြခြင်း။

အတွေ့အကြုံ/အရည်အချင်းလိုအပ်ချက်

📍 လူ့အခွင့်ရေးဆိုင်ရာ အခြေခံဗဟုသုတရှိရမည်။

📍 Computer literacy နှင့် IT အခြေခံဖြစ်သည့် Google Sheet, MS Office, social media အသုံးပြုတတ်ရမည်။ Infographic report များပြုလုပ်နိုင်ရမည်။

📍 Interpersonal, Networking နှင့် Communication Skills များကောင်းမွန်ရမည်။

📍 အနည်းဆုံး ဘွဲ့တစ်ခုခုရရှိထားလျှင် ပိုမိုကောင်းမွန်သည်။

📍 Myanmar၊ English နှစ်ဘာသာလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။

📍 လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့တွင် အနည်းဆုံး ၁ နှစ်ကြာ တာဝန်ထမ်းဆောင်နိုင်သူကို ဦးစားပေးမည်။

လျှောက်လွှာတင်ရန်

လျှောက်ထားလိုသူများသည် [email protected] သို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာပူးတွဲ ပေးပို့ လျှောက်ထားနိုင်သည်။

📍 ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများအပါအဝင် လူ့အခွင့်အရေးလုပ်ဆောင်ချက်များ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားထားသည့် CV Form

📍 ပညာအရည်အချင်းလက်မှတ်များ

📍 ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်းဖော်ပြရန်။

အသေးစိတ်မေးမြန်းလိုပါက :

Admin Dept

Phone Number – +66 62 687 4266

Signal Number – +66 62 687 4266

Email – [email protected]

HR & Admin Department

NEW MYANMAR FOUNDATION

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...