𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၂) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

Jan 20, 2025 | ANNOUNCEMENT, Sewing machine | 0 comments

မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။

𝐉𝐚𝐩𝐚𝐧’𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞-𝐎𝐃𝐀 ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ( ၄ ) ရက်နေ့မှ စတင်၍ သင်တန်းအပတ်စဥ် (၅၂) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို ဖေဖေါ်ဝါရီလ (၄) ရက်နေ့ မှ (၁၄) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းသို့ လျောက်ထားလာသူများအား လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိဘဲ၊ လူနည်းစုအခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှု မူဝါဒများနှင့် အညီ ရွေးချယ်သွားမည်ဖြစ်ပါသည်။

ယခု အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်သော 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ မှ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး လျှောက်ထားသူဦးရေ (၃၀) သာ အများဆုံး လက်ခံပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေ (၅) နာရီထက် ကျော်လွန်၍ လျှောက်ထားလာသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားခြင်းပြုမည်မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မဲဆောက်ရောက် မြန်မာပြည်သူညီအစ်ကို မောင်နှမများအနေဖြင့် လျှောက်လွှာခေါ်ယူသည့် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် ပါရှိသော စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ဖော်ပြပါ သင်တန်းလျှောက်ထားရန် လင့်ခ်တွင် အချက်လက်များ ဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများအနေဖြင့် မိမိလျှောက်ထားသည့် သင်တန်းအပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့် မရရှိခဲ့ပါက ထပ်မံဖွင့်လှစ်သွားမည့် သင်တန်းအပတ်စဉ် အသစ်များတွင် လျှောက်ထားနိုင်ပါသည်။‌

မှတ်ချက်* ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ရှာဖွေပေးသွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ် အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းမည့်သူများသာ လျှောက်ထားပေး ပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူ့တွေ့အင်တာဗျူး တက်ရောက်ပေးရန် ဆက်သွယ်သွားမည်ဖြစ်ပါသောကြောင့် သင်တန်း လျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန် 𝐋𝐢𝐧𝐤: https://forms.gle/G58fZashgt2w3xx38

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ 𝗦𝗶𝗴𝗻𝗮𝗹, 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နှင့် 𝗘𝗺𝗮𝗶𝗹 များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

ဦးဒီဇင်မောင်

Phone: +66633849910

Signal: +66 815307994

Email [email protected]

August 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...