New Myanmar Foundation ၏ Safe House အစီအစဉ်

Oct 17, 2024 | ANNOUNCEMENT, SAFE HOUSE | 0 comments

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထား သောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။

Safe House ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ နှင့် မီတာခ ကုန်ကျစရိတ်များအား New Myanmar Foundation မှ ပေးဆောင်ပေးမည် ဖြစ်ပါသည်။ Safe House တွင်နေထိုင်စဉ် ကာလအတွင်း သွားလာရေးအတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့်ကားများကို လိုအပ်သလို အသုံးပြုခွင့် ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်ပေးပါသည်။ Safe House နေထိုင်သူများ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ စာကြည့်တိုက် တစ်ခုကို လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်တည်ထောင်ထားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစ၍ Safe House နေထိုင်သူများ၏ ကလေးငယ်များ ဆော့ကစားနိုင်ရန်လည်း ကလေးကစားကွင်းအသေးတခု စီစဉ် ပြုလုပ်ပေးထားပါသည်။ စားနပ်ရိက္ခာအတွက် NMF မှ ပုံမှန်ထောက်ပံ့ပေးလျက်ရှိသည့် အခြေခံစားနပ် ရိက္ခာ အစီအစဉ်ကိုလည်း လစဉ်လျှောက်ထားနိုင်ပါသည်။

Safe House ၌ နေထိုင်စဉ်ကာလအတွင်း New Myanmar Foundation မှ အောက်ဖော်ပြပါ ဝန်ဆောင်မှု များကိုလည်း စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

  • ထိုင်းစကားပြောသင်တန်း၊ Digital Security သင်တန်း၊ လူ့အခွင့်အရေးသင်တန်း၊ စိတ်ခွန်အား မြှင့်တင်ရေး သင်တန်း၊ ကျန်းမာရေးအသိပညာပေးသင်တန်း၊ ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှု သင်တန်းများကိုလည်း လစဉ်အခမဲ့သင်ကြားပေးနေပါသည်။ ထို့အပြင် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ သင်တန်းများဖြစ်သော အခြေခံမော်တာစက်ချုပ်သင်တန်း နှင့် စိုက်ပျိုးရေး သင်တန်းများ ကိုလည်း လစဉ်အခမဲ့သင်ကြားပေးနေပါသည်။
  • အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ချိတ်ဆက်ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။
  • အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှု လုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက် ရှိသည်။
  • ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်း များကိုလည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။

Safe House တွင်နေထိုင်သူ တစ်ဦးချင်း၏လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူ များအနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည် ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်းရှောင်လာကြသူများ၊ စစ်ရှောင်ပုဂ္ဂိုလ်များအပါအဝင် မြန်မာပြည်သူ/ပြည်သားများ အတွက်လည်း ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါသည်။

လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF ၏ Safe House လျှောက်ထားခြင်းဆိုင်ရာဖုန်း၏ Signal နံပါတ် (+၆၆၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့ များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...