၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် သ၀ဏ်လွှာ

Aug 8, 2024 | ANNOUNCEMENT, Statement | 0 comments

နေ့စွဲ – ၈ရက်၊ သြဂုတ်လ၊ ၂၀၂၄ ခုနှစ်

ယနေ့သည် ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှ အစပြုခဲ့သည့် စစ်အာဏာရှင်စနစ်အား နိုင်ငံတ၀ှမ်း ဆန့်ကျင်ဆန္ဒပြခဲ့သော ၈၈၈၈ အရေးတော်ပုံနေ့ကြီး (၃၆)နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်နေ၀င်းဦးဆောင်သော စစ်အုပ်စုမှ အာဏာသိမ်းကာ ပြည်သူများ၏လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို ပစ်ပယ်ချေနင်းပြီး စစ်အာဏာရှင်စနစ်ကို တည်ဆောက်ခဲ့ကြပါသည်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးသမိုင်းကြောင်းတလျှောက် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တို့တွင် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားများနှင့် နယ်ပယ်စုံမှ ပြည်သူများ ပါ၀င်ခဲ့ကြသော်လည်း စစ်တပ်မှ အင်အားသုံးချေမှုန်းခဲ့ကြသည်။ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) အဖြစ် လျှောက်ထားခဲ့ရပြီး ၎င်းနှစ်တွင်ပင် ငွေစက္ကူများကို တရားမဝင်ကြေညာခဲ့၍ ပြည်သူတရပ်လုံး ဆင်းရဲမွဲတေခဲ့ရသည်။ ပြည်သူများ၏ ချွတ်ချုံကျမှုကို မကျေနပ်၍ ကျောင်းသားများ ဆန္ဒပြခြင်းကို စစ်တပ်၏ ပစ်ခတ်နှိမ်နင်းမှုမှ အစပြု၍ ၈၈၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရသည်။ ကြည်း၊ရေ,လေ တပ်မတော်သားများနှင့် ပြည်သူ့၀န်ထမ်းများအပါအ၀င် ပြည်သူတရပ်လုံး နေ့စဥ်ရက်ဆက် ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စစ်တပ်မှ ထပ်မံအာဏာသိမ်းကာ ပြည်သူ ထောင်/သောင်းချီ၍ မတရားသတ်ဖြတ်ခဲ့ကြပြန်ပါသည်။

၂၀၂၁ ခုနှစ်တွင်လည်း ပြည်သူ/သားများက ဆန္ဒပြုရွေးချယ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရထံမှ အာဏာကို ထပ်မံသိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများကို သတ်ဖြတ်နှိမ်နင်းခဲ့ပြန်ပါသည်။ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈ နှင့် ၂၀၂၁ လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးများမှာ တဆင့်ပြီးတဆင့် ပိုမိုအားကောင်းလာကာ ယခုအခါ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုတရပ်လုံး ပူးပေါင်းလက်တွဲကာ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ နည်းလမ်းပေါင်းစုံသုံး၍ အင်တိုက်အားတိုက် တိုက်ပွဲ၀င်လျက်ရှိကြရာ စစ်အာဏာရှင်စနစ်မှာ ပြိုလဲကျဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ပါသည်။ စစ်အုပ်ချုပ်မှုအောက်တွင်ရှိသည့် နယ်မြေများမှာလည်း လျင်မြန်စွာ ဆုံးရှုံး/ကျဥ်းမြောင်းလာလျက်ရှိပါသည်။ ယခုကဲ့သို့ တတိုင်းပြည်လုံး အင်တိုင်အားတိုက် ၀ိုင်း၀န်းကြိုးပမ်းအားထုတ်မှုကြောင့် စစ်အာဏာရှင်စနစ်အားအပြီးတိုင် ဖယ်ရှားသုတ်သင်ရေး၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး နှင့် တိုင်းရင်းသားများ၏တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့မှာ လက်တကမ်းသာလိုပါတော့သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိမိတို့ လိုလားတောင့်တသောပန်းတိုင်ကိုရောက်ရှိရန် အင်တိုက်အားတိုက် ဆက်လက်တိုက်ပွဲ၀င်သွားကြရန် အားပေး တိုက်တွန်းလိုပါသည်။

ဤ ၈၈၈၈ သမိုင်း၀င်အခါသမယတွင် စစ်အာဏာရှင်စနစ်ဖယ်ရှားရေး၊ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် အသက်သွေးချွေးစတေးပြီး တိုက်ပွဲ၀င်ခဲ့ကြသော သူရဲကောင်းအာဇာနည်များကို ဦးညွတ်အလေးပြုပါသည်။ အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်းနေသူများကိုလည်း ဂုဏ်ပြုအပ်ပါသည်။ ခေတ်အဆက်ဆက် ဦးဆောင်တိုက်ပွဲ၀င်ခဲ့ကြသော/၀င်နေကြ‌သော ကျောင်းသား မျိုးဆက်များကိုလည်း ဤနေရာမှ လေးစားချီးကျူးအပ်ပါသည်။

မြန်မာပြည်သူတရပ်လုံးအနေဖြင့် မိမိတို့လိုလားတောင့်တသော အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအား အမြန်ဆုံး တည်ဆောက်ရောက်ရှိနိုင်ကြပါစေရန်လည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Today marks the 36th anniversary of the 8888 Uprising, which began on August 8, 1988.

This day commemorates the widespread resistance against the military dictatorship imposed by the junta that took power in 1962 under General Ne Win. This regime dismantled the people’s human rights, democratic principles, and the rights of ethnic minorities, establishing a military dictatorship. Throughout the history of resistance against military rule, significant movements occurred in 1962, 1974, 1975, and 1976, involving students, workers, farmers, and people from various sectors. However, these uprisings were suppressed by military force. In 1987, Myanmar was listed as one of the world’s least developed countries (LDCs), and in that same year, the government declared banknotes invalid, plunging the country into widespread poverty. The 8888 Uprising emerged from the dissatisfaction of students protesting the military’s repression, although the regime continued to violently suppress dissent. On September 18, 1988, the military seized power again, resulting in the execution of many citizens.

In 2021, the military seized power once more, overthrowing the democratically elected government led by Daw Aung San Suu Kyi, and once again violently suppressing peaceful protests. The waves of public uprisings in 1962, 1974, 1975, 1976, 1988, and 2021 have progressively strengthened, with ethnic groups, democratic forces, and the public now united in the struggle against military rule through various means, including military, political, diplomatic, and other forms of resistance. The military dictatorship is now nearly on the brink of collapse, with rapidly declining control over various regions. Therefore, we encourage and urge the people to continue their vigorous efforts and participation in the struggle to achieve their desired goals.

Amid this historic moment, we honor the brave martyrs who sacrificed their lives in the fight against the military regime, democracy, and for the rights of ethnic minorities. We also pay tribute to those who continue to work tirelessly for these causes. We extend our respect and admiration to the generations of students who have led or are leading these struggles.

We earnestly wish for the swift establishment of a democratic federal union that the people of Myanmar aspire to achieve.

#NewMyanmarFoundation

#8888_Uprising_Commemoration_Letter

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...