၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၃ရက်နေ့တွင် NEW MYANMAR FOUNDATION မှ မြ၀တီမြို့တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြရသော စစ်ဘေးရှောင်များအား လိုအပ်သော အကူအညီများပေးနိုင်ရန် စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ရာ ဂိတ်(၃၅) သို့ တိုက်ရိုက်၀င်ရောက်တွေ့ဆုံခွင့်ရခဲ့ပါသည်။ မျက်မြင် မှတ်တမ်းရယူခဲ့သော အချက်များအရ
၂၃.၄.၂၀၂၄ နေ့တွင် စခန်းတွင်းလက်ကျန်လူဦးရေမှာ အမျိုးသမီး (၄၄၃) ဦး၊ အမျိုးသား (၆၁၈) ဦး၊ ကလေးသူငယ် (၃၃၄)ဦး၊ စုစုပေါင်း (၁၃၉၅) ဦး ရှိပြီး
အခြေခံလိုအပ်ချက်များမှာ-
၁။ ရေချိုးဆပ်ပြာ
၂။ အဝတ်လျှော်ဆပ်ပြာမှုန့်
၃။ သွားတိုက်ဆေး
၄။ ခေါင်းလျှော်ရည်
၅။ ကလေးအဝတ်အထည် (ကျား/မ)
၆။ အမျိုးသမီးဝတ်လုံချည်
၇။ ရေခဲ (နေ့စဉ် ကီလို၁၂၀)
၈။ တိုင်းရင်းဆေး (အစာကြေဆေး၊ သွေးဆေး)
၉။ အစာပြေ လက်ဘက်ရည်ကော်ဖီ တို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။




