New Myanmar Foundationရုံးအနေဖြင့် လာမည့် ဧပြီလ ၁၂ရက် (သောကြာနေ့) နေ့မှ ၁၆ရက်နေ့ (အင်္ဂါနေ့)အထိ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်း၏ လုပ်ငန်းကိစ္စအဝဝအား နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး နှစ်သစ်ရုံးဖွင့်ရက်ဖြစ်သည့် ဧပြီလ (၁၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ပြန်လည်ဖွင့်လှစ် လည်ပတ်သွားမည်ဖြစ်ပါကြောင်း လူကြီးမင်းများအားလုံးအား ထပ်လောင်းအကြောင်းကြားအပ်ပါသည်။
မြန်မာပြည်သူ/ပြည်သားများ နှစ်သစ်ကူးအချိန်အခါသမယတွင် စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် ဘေးကင်းလုံခြုံမှုရှိစွာ ဖြတ်သန်းနိုင်ကြပါစေဟု ကျွန်တော်/ကျွန်မတို့ New Myanmar Foundationအဖွဲ့သားအားလုံးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
အားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေ။

