မြန်မာပြည်သူ/သားများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
New Myanmar Foundationသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအား အားသွန်ခွန်စိုက် ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်းဖြစ်ရာ ယခု၂၀၂၄ခုနှစ်အတွင်း မြန်မာပြည်အတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ (၁၈၀)ဦးအား အရေးပေါ်ထောက်ပံ့ကြေးများ ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ ယခု ထောက်ပံ့ကြေးအစီအစဉ်အား ဇန်နဝါရီလမှ ဇွန်လအထိ (၆)လ လစဉ်ထောက်ပံ့သွားမည်ဖြစ်ပြီး တစ်လလျှင် မြန်မာငွေကျပ် ၁၀၀,၀၀၀ (တစ်သိန်းကျပ်) ထောက်ပံ့သွားမည်ဖြစ်ပါသည်။ ထောက်ပံ့ကြေးလျှောက်လွှာများအား (၁၀)ရက်ကြာ လက်ခံသွားမည်ဖြစ်ပြီး (၁၇.၁.၂၀၂၄)မှ (၂၇.၁.၂၀၂၄)အထိ လျှောက်ထားနိုင်မည်ဖြစ်သည့်အတွက် မြန်မာပြည်တွင်းရှိ စစ်တပ်အုပ်ချုပ်မှု သက်ရောက်ရာ ဒေသများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအုပ်ချုပ်မှု စိုးမိုးရာဒေသအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေကြသော ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ယခုထောက်ပံ့ကြေးအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ရန် တိုက်တွန်းအပ်ပါသည်။
ထောက်ပံ့ကြေးအစီအစဉ်နှင့် လျှောက်လွှာတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ မေးမြန်းစုံစမ်းလိုပါက New Myanmar Foundationမှ ပြည်တွင်းအရေးပေါ်ကူညီထောက်ပံ့ခြင်းဆိုင်ရာ တာဝန်ခံအား ရုံးချိန်အတွင်း(တနင်္လာမှ သောကြာ ထိုင်းစံတော်ချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီအထိ) အောက်ဖော်ပြပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တာဝန်ခံ ။ ။ စိန်စိန်
ဖုန်းနံပါတ်။ ။ +66635322376
Telegramနံပါတ်။ ။ +66635322376
အီးမေးလ်။ ။ [email protected]
Shorten URL: https://forms.gle/SuDmSenYEa3ouej79

