အီရန်နိုင်ငံမှအမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ Mrs. Narges Mohammadi ကို ၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာ

Oct 9, 2023 | ANNOUNCEMENT | 0 comments

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်။

အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုများကြောင့် ထောင်ဒဏ် ( ၁၂ ) နှစ်ကျခံနေရသော အီရန်နိုင်ငံသူ Mrs. Narges Mohammadi အား ၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ခြင်းနှင့် ပတ်သတ်၍ မိမိတို့အပါအဝင် မြန်မာ ပြည်သူပြည်သားများမှ နှစ်ထောင်းအားရ ဝမ်းသာဂုဏ်ယူပါသည်။ ဤကဲ့သို့ချီးမြှင့်ခြင်းသည် ထိုအမျိုးသမီး တစ်ဦးတည်းကိုသာမက အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများ အပါအဝင် ကမ္ဘာပေါ်ရှိပုဂ္ဂိုလ်များ အားလုံးကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။

အလားတူပင် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး နှင့် ဒီမိုက‌ရေစီအရေးအတွက် တိုက်ပွဲဝင်လူထု ခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုကဲ့သို့ အပ်နှင်းခြင်းသည် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲတွင် အဓိကမောင်းနှင်အား တစ်ခုဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူများကို အကာအကွယ် များစွာပေးရာရောက်ပါသည်။

အမျိုးသမီးအခွင့်အရေးအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအားလုံးသည် ကမ္ဘာတဝန်းလုံးရှိ လူသားတိုင်း ခံစားသင့်ခံစားထိုက်သော အခွင့်အရေးများဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီးများ၏အခွင့်အရေး၊ ကျားမတန်းတူရေး၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုများကို လုံးဝပပျောက်ရေးတို့သည် ကမ္ဘာပေါ်တွင်မရှိမဖြစ် လိုအပ်ပါသည်။ သို့ဖြစ်သောကြောင့် မိမိတို့ ပြည်သူများအနေဖြင့် အဆိုပါ အမျိုးသမီးအခွင့်အရေးများ ရရှိကျင့်သုံးနိုင်သည်အထိ တိုက်ပွဲဝင်သွားရမည်ဖြစ်ပါသည်။

ယခုစစ်အုပ်ချုပ်ရေးအောက်တွင် မြန်မာအမျိုးသမီးများသည် လူ့အခွင့်အရေးများနှင့် အမျိုးသမီးအခွင့်အရေးများ ကို လုံးဝဆုံးရှုံးနေပါသည်။ မြန်မာပြည်ရှိ အမျိုးသမီးများစွာမှာ လက်နက်အားကိုးနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ အဓ္ဓမပြုကျင့်မှုများနှင့် မတရားသတ်ဖြတ်မှုများကို ခံစားနေကြရပါသည်။ မိမိတို့အနေဖြင့် အမျိုးသမီးများအပေါ် ထိုကဲ့သို့လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ပြင်းထန်စွာရှုံ့ချပြီး တရားဥပ‌ဒေအရ အရေးယူနိုင်သည်အထိ ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ပါသည်။

အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသောသူများကို ငြိမ်းချမ်းရေးဆုများ ချီးမြှင့် ခြင်းသည် အလွန်တရာထိရောက်သော အားပေးကူညီမှုဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဆုတ် မနစ်ဆက်လက် ကြိုးပမ်းသွားပါမည်။ ထိုသို့ကြိုးပမ်းရာတွင် အဓိကအဟန့်အတားဖြစ်သည့် စစ်အာဏာရှင်ကို တွန်းလှန်ဖယ်ရှား သွားပြီး ဒီမိုကရေစီနှင့် အမျိုးသမီးများ၏ အခွင့်အရေးအပါအဝင် လူ့အခွင့်အရေးများအားလုံးကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုကို မြန်မာပြည်သူအားလုံးနှင့် အတူတူ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားပါမည်။

နိဂုံးချုပ်အနေဖြင့် အမျိုးသမီးအခွင့်အရေးအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြန်မာပြည်တွင် ထွန်းကားရေးအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြု ပါသည်။ ထိုကဲ့သို့ တိုက်ပွဲ ဝင်ရင်း ကျဆုံးသွားခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ်များအားလုံးကိုလည်း အလေးပြုအပ်ပါသည်။ ပြည်သူများအားလုံး ကြောက်ရွံ့မှု များမှ ကင်းဝေးပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့် ကျားမတန်းတူ အခွင့်အရေးရရှိနိုင်‌ရေးအတွက် မိမိတို့အပါအဝင် မြန်မာပြည်သူ များအားလုံးမှ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကို ထပ်လောင်းပြောကြားအပ်ပါသည်။

NEW MYANMAR FOUNDATION

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...