NEW MYANMAR FOUNDATION မှ ဆောင်ရွက်လျက်ရှိသော Telehealth Program တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူများကိုပါ ထည့်သွင်းစောင့်ရှောက်ကုသပေးမည့်အစီအစဥ်

Sep 6, 2023 | Activities, ANNOUNCEMENT, TELE HEALTH | 0 comments

ရက်စွဲ။ ။(၀၆၊ စက်တင်ဘာလ၊ ၂၀၂၃ ခုနှစ်)

မြန်မာပြည်သူအပေါင်းခင်ဗျား အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ကျပါစေ

ယခုအခါ မြန်မာနိုင်ငံ၏ ဆိုးရွားလှသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပြည်တွင်းစစ်များကြောင့် ပြည်တွင်း/ ပြည်ပတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူများ အင်မတန်များပြားလာပါသည်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှု ရရှိရန် လိုအပ်နေသည့် မြန်မာပြည်သူ/သားများအတွက် ရည်ရွယ်၍ ဤအစီအစဥ်အား ထပ်မံတိုးချဲ့ထည့်သွင်းလိုက်ခြင်းဖြစ် ပါသည်။

သို့ဖြစ်ပါသောကြောင့် မိမိတို့၏ စိတ်ထိခိုက်ဖွယ်ရာ အကြောင်းအခြင်းရာများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှု များအား မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များနှင့် အခြားလုံခြုံရေးအချက်များအားလုံး မပေါက်ကြားစေရန် တာ၀န်ယူလျက် (Confidentiality & Privacy Security) တိုင်ပင်ဆွေးနွေးနိုင်စေရန် လက်ရှိ Telehealth Program ၏ ဆရာ၀န် Dr.Moon မှ နေ့စဥ် နံနက် ၆း၀၀ မှ ည ၁၂း၀၀ အထိ အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ကျွမ်းကျင်သော စိတ်ပညာရှင်များ၊ စိတ်ရောဂါအထူးကုဆရာ၀န်ကြီးများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ကူညီပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်မေးမြန်းတိုင်ပင်လိုသူများအနေဖြင့် ဆရာမ Dr.Moon ၏ အောက်ပါဖုန်းနံပါတ်သို့ နံနက် ၆း၀၀ မှ ည ၁၂း၀၀ အထိ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

Dr.Moon

Signal: +66910614070

Telegram: +66910614070

Phone No: +66910614070

Email: [email protected]

၂၃ ခုနှစ်)

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...