လူ့အခွင့်အရေးအခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

Jul 20, 2023 | ANNOUNCEMENT, Digital security, Human Rights | 0 comments

New Myanmar Foundation မှ လူ့အခွင့်အရေးအခြေခံ နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး သင်တန်းကို လစဉ် စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ သင်တန်းတစ်ကြိမ်လျှင် (၂၅)ဦးခန့်သာ လက်ခံနိုင်ခြင်းကြောင့် သင်တန်းတက်ရောက်ရန် လိုအပ်ချက်များကိုက်ညီသော်လည်း တက်ရောက်ခွင့်မရသူများရှိနေသဖြင့် ယခု ဩဂုတ်လတွင် ကျင်းပမည့် အပတ်စဉ် (၁၂) မှစတင်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သင်တန်းများအတွက် ဤလျှောက်လွှာဖောင်ကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသူ ဦးရေ (၂၅၀) ခန့်အား ကြိုတင်စိစစ်ရွေးချယ်၍ အပတ်စဉ်အလိုက် ဆက်သွယ်သွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email, Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါသည်။

Zoom အသုံးပြု သင်ကြားမည့် Online သင်တန်းဖြစ်ပြီး၊ အပတ်စဉ် (၁၂) မှ (၂၁) အထိ သင်တန်း (၁၀) ကြိမ်၏ လျာထားသတ်မှတ်ရက်များကို ပူးတွဲပါပုံတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

ယင်းသင်တန်းတစ်ကြိမ်စီတွင်

● လူ့အခွင့်အရေး အခြေခံအယူအဆသဘောတရား

● လူ့အခွင့်အရေး တိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

● အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း

● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ

● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ

● Digital Security & Privacy

အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

သင်တန်းကို တစ်နေကုန်တက်ရောက်ရမည့် ရက်တိုသင်တန်းနှင့် ညနေပိုင်း ရက်ရှည်သင်တန်း ဟူ၍ ပုံစံ (၂)မျိုး စီစဉ်ထားပြီး မိမိနှင့်ကိုက်ညီမည့် သင်တန်းပုံစံကို လျှောက်လွှာဖောင်တွင် ရွေးချယ်ဖြည့်စွက် နိုင်ပါသည်။ လျှောက်ထားသူ အလွန်များပြားသည့်အတွက် သင်တန်းအပတ်စဉ်ကိုမူ လျှောက်ထားသူမှ ရွေးချယ်နိုင်မည်မဟုတ်ဘဲ အလှည့်ကျတက်ရောက်နိုင်မည့် အပတ်စဉ်ကို ဆက်သွယ်အကြောင်းကြား သွားမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန် အခြေခံလိုအပ်ချက်များ

● Online သင်တန်းဖြစ်သဖြင့် Mobile Phone/ Computer နှင့် အင်တာနက်ကို ကောင်းစွာအသုံးပြုနိုင်သူ၊

● Zoom Account နှင့် Signal Account များရှိပြီး အသုံးပြုနိုင်သူ၊

● လူ့အခွင့်အရေးနှင့်ပတ်သက်သည်များကို သိလိုစိတ်ပြင်းပြသူ(လေ့လာလိုသူ)၊

● အခြေခံပညာအလယ်တန်းအဆင့်ထိသင်ယူခဲ့ဖူးသူ၊

● အသက်(၁၈)နှစ်ပြည့်ပြီးသူ၊

● သင်တန်း၌ တက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊

● သင်တန်းကာလတလျှောက် ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ၊

● လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ကိုင်လိုသူ၊

● လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ။

**အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံးပါ၀င်တက်ရောက်ရန် အထူးတိုက်တွန်းပါသည်။ သင်တန်းသားရွေးချယ်ရာတွင် အမျိုးသမီးများပါဝင်မှု အနည်းဆုံး ၃၀% နှင့်အထက်ရှိစေရန် သတ်မှတ် ရွေးချယ်ပါသည်။

**သင်တန်းတက်ရောက်ရန်အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီသူများသာ လျှောက်ထားရန်ဖြစ်ပါသည်။

**ရွေးချယ်ခံရသူများကို Email/Signal Message ဖြင့် ဆက်သွယ်မည်ဖြစ်၍ Email/Signal Message ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။ သင်တန်းမစတင်မီ တစ်ပတ်ခန့်အလိုအထိ ဆက်သွယ်မရပါက ရွေးချယ်မှုပျက်ပြယ်၍ အခြားသင့်တော်သူကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် Google Form Link

https://docs.google.com/forms/d/e/1FAIpQLSdW_5ysxitBhRJTV18I_fRZx0Qd5qumcki2Wswe2YhYOyV3Lw/viewform?fbclid=IwAR0az5Klabl6UF1lFk_6KPAOlQRp3lPeJqPN5rqQ_EhbMNzO1oHkgAzSfDE

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါ သင်တန်းနည်းပြ၏ ဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Phone: +66 811 813 722

Email: [email protected], [email protected]

#basichumanrights

#HumanRightsTraining

#DigitalSecurity

#NMF

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...