Program Manager ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

May 31, 2023 | ANNOUNCEMENT | 0 comments

NEW MYANMAR FOUNDATION ၏ Women Protection & Empowerment Program အတွက် မန်နေဂျာရာထူး တာ၀န် ထမ်းဆောင်ရန် လျှောက်လွှာ များခေါ်ယူ နေပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ : ၁.၆.၂၀၂၃ မှ ၁၄.၆.၂၀၂၃ အထိ

နေရာ : မဲဆောက်

အစမ်းခန့်ကာလ : ၃ လ

လစာ : အစမ်းခန့်ကာလ – ၈၀၀၀ ဘတ်

အတည်ပြုပြီးကာလ – ၁၀၀၀၀ ဘတ် မှ ၁၅၀၀၀ ဘတ် အထိ

အစီရင်ခံရမည့်သူ : Executive Director, BODs

လုပ်ဆောင်ရမည့်တာ၀န်များ

 ဒေသတွင်း အမျိုးသမီးများ၏ အခက်အခဲများနှင့် ပြသနာများအား ဦးဆောင် ကူညီဖြေရှင်းပေးရမည်။

 အမျိုးသမီးများနှင့် ပတ်သက်၍ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်နှင့် တပြေးညီကူညီ‌ဆောင်ရွက်ပေးရမည်။

 အမျိုးသမီးများအားထားရှိမည့် နေရာထိုင်ခင်းနှင့် ပတ်သက်၍ ကောင်းမွန် မျှတစွာ ဦးစီးစီမံဆောင်ရွက်ပေးရမည်။

 ဤ Program အတွင်း အကြုံး၀င်သော အမျိုးသမီးများ၏ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် ရုံးနှင့် ချိတ်ဆက်၍လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်းကောင်း ကူညီဆောင်ရွက် ပေးရမည်။

 အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အမှုအခင်းကိစ္စများ၊ အခြားသောဗဟုသုတဆိုင်ရာ၊ အသက်မွေး၀မ်း ကျောင်းသင်တန်း အစရှိသည်တို့အတွက် သက်ဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့အစည်းများ၊ ဥပဒေ ကျွမ်းကျင်အဖွဲ့များနှင့် ချိတ်ဆက် ပူးပေါင်းကာ ဆောင်ရွက်ပေးရမည်။

 ဤ Program အတွင်း အကြုံး၀င်သော အမျိုးသမီးများ၏ ပုံမှန်၀င်ငွေရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက်လည်း တာ၀န်ယူဆောင်ရွက်ပေးနိုင်ရမည်။

 Foundation မှ ချမှတ်ထားသော စည်းမျဥ်းများနှင့်အညီ လုပ်ငန်းကို ဖော်ဆောင် ဆောင်ရွက်နိုင်ရမည်။

 မိမိလုပ်ငန်းနှင့် သက်ဆိုင်သော Seminar များသို့ တက်ရောက်နိုင်ရမည်။

 မိမိလုပ်ငန်းနှင့် သက်ဆိုင်သော Press Conference များကိုလည်း ဦးစီးဆောင်ရွက်နိုင်ရမည်။

 မိမိ၏ လုပ်ငန်းနှင့် ပတ်သက်ပြီး လစဥ် သို့ သတ်မှတ်ထားသော အချိန်များတွင် Executive Director ထံသို့ အစီရင်ခံစာ အချိန်မီတင်ပေးနိုင်ရမည်။

အတွေ့အကြုံလိုအပ်ချက်

 Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

 လုပ်ငန်းအပေါ်တွင် စိတ်စေတနာထားပြီး နှစ်မြုပ်လုပ်ကိုင်နိုင်ရမည်။

 စည်းစနစ်ကျနသူဖြစ်ရမည်။

 Confidentiality and Privacy (Data & Personnel) ကို တာ၀န်ယူနိုင်သူဖြစ်ရန် မဖြစ်မနေလိုအပ်ပါသည်။

 ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

 အကျင့်စာရိတ္တ ကောင်းမွန်၍ စိတ်ချရသူဖြစ်ရမည်။

 English စာ တက်ကျွမ်းသူ ဖြစ်ရမည်။

 ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

ပညာအရည်အချင်း

 Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။

 သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်သော Certificate ရှိသူ ဦးစားပေးမည်။

အခြား

 New Myanmar Foundation တွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။ (အစမ်းခန့်ကာလ မပါ။)

 ထိုင်းနိုင်ငံအတွင်း လက်ရှိနေထိုင်သူဖြစ်ရမည်။

လျှောက်လွှာတင်ရန် : [email protected]

 CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။

 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

Admin Officer

Phone Number – +66 62 687 4266

Signal Number – +66 62 687 4266

Email – [email protected]

HR & Admin Department

NEW MYANMAR FOUNDATION

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...