New Myanmar Foundation မှ ဦးဆောင်၍ လူ့အခွင့်အရေး အခြေခံအမြင်ဖွင့်သင်တန်းများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။ သင်တန်းအပတ်စဉ် (၆) ကို ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက် မှ (၉)ရက် အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တစ်ရက်လျှင် ပို့ချဆွေးနွေးချိန် (၅) နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၉) နာရီမှ (၁၂) နာရီထိ သင်တန်းပထမပိုင်း၊ နေ့လယ် (၁) နာရီမှ (၃) နာရီအထိ သင်တန်းဒုတိယပိုင်းကို ကျင်းပသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းတွင်
● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား
● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း
● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ
● အစိုးရ၏တာဝန်ဝတ္တရားများ၊လူ့အခွင့်အရေးလုပ်ငန်းစဉ်များ
● Digital Security & Privacy
စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
သင်တန်းအချက်အလက်များ
သင်တန်းကာလ- (၅) ရက်
သင်တန်းကျင်းပမည့်ရက် – ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက် မှ (၉)ရက် အထိ
သင်တန်းအချိန်- မနက် (၉) နာရီမှ ညနေ (၃) နာရီထိ
သင်တန်းအမျိုးအစား- Online Class (Zoom)
သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ
● Online သင်တန်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် Mobile Phone/ Computer နှင့် အင်တာနက်ကို ကောင်းစွာအသုံးပြုနိုင်သူ၊
● Zoom Account နှင့် Signal/Telegram Account များရှိပြီး အသုံးပြုနိုင်သူ၊
● လူ့အခွင့်အရေးနှင့်ပတ်သက်သည်များကို သိလိုစိတ်ပြင်းပြသူ(လေ့လာလိုသူ)၊
● အခြေခံပညာအလယ်တန်းအဆင့်ထိသင်ယူခဲ့ဖူးသူ၊
● အသက်(၁၈)နှစ်ပြည့်ပြီးသူ၊
● သင်တန်းအတွင်းတက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊
● သင်တန်းကာလ(၅)ရက်ကို ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ၊
● လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ကိုင်လိုသူ၊
● လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ။
**အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံးပါ၀င်တက်ရောက်ရန် အထူးတိုက်တွန်းပါသည်။ သင်တန်းသားရွေးချယ်ရာတွင် အမျိုးသမီးများပါဝင်မှု ၃၀% နှင့်အထက်ရှိစေရန် သတ်မှတ် ရွေးချယ်ပါသည်။
သင်တန်းလျှောက်ထားရန် Google Form Link
https://docs.google.com/…/1FAIpQLSfIiDV3zYa…/viewform…
သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email, Signal တို့ဖြင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email/Message ကို စစ်ဆေးရန် လိုအပ်ပါသည်။
သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားပြီး ယခုကဲ့သို့ သင်တန်းများကို လစဉ်ပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ယခင်သင်တန်းများသို့လျှောက်ထားခဲ့ပြီး တက်ရောက်ခွင့်မရရှိခဲ့ သူများလည်း ပြန်လည်လျှောက်ထားနိုင်ပါသည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
Phone: +66 811 813 722
Email: [email protected], [email protected]

