New Myanmar Foundation’s Safe House

Feb 9, 2023 | SAFE HOUSE | 0 comments

New Myanmar Foundation  သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံ ခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့်  အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု(၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု(၅)ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅)ဦး လာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။


Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်, ခြင်ထောင်, ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂ များပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင်ပေးထားပြီး သွားလာရေး အတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့် လိုအပ်ပါက ကားကိုကြိုတင် တောင်းဆိုပြီး အသုံးပြုခွင့်ပေးထားပါသည်။ 

ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာ တိုးပွားစေရန်ရည်ရွယ်သော စာကြည့်တိုက် တစ်ခုကို အောက်တိုဘာလအတွင်း စတင်တည်ထောင် ထားပြီး ဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက်စတင်ရောက်ရှိချိန်တွင် အရေးပေါ် ရိက္ခာလျှောက်နိုင်ပြီး NMFမှ ပုံမှန် (၃)လစာ အခြေခံ စားနပ်ရိက္ခာအစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ ၂လ (အလွန်ဆုံး ၃လ) ဖြစ်ပါသည်။

Safe House ၌နေစဉ် ကာလအတွင်း NMFမှ အခမဲ့ ဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာ  သင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံပင်ညှပ် သင်တန်း၊ Digital Security သင်တန်း များကို တက်ရောက်နိုင်ပြီး နှစ်သိမ့်ဆွေေးနွေးခြင်းဝန်ဆောင်မှုကိုလည်း အခမဲ့ရယူနိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများကို လည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။

NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့်သင့်တင့်မျှတာစွာနေနိုင်သူဖြစ်ရပါမည်။ အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်းဆိုင်ရာဖုန်း (၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...