New Myanmar Foundation ၏ အမျိုးသား ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၃၀.၁.၂၀၂၃ ခုနှစ် တနင်္လာနေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့ပါသည်။
စတုတ္ထအကြိမ်မြောက် ဆံပင်ညှပ်သင်တန်းတွင် အမျိုးသား (၈)ဦး တက်ရောက်သင်ကြားခဲ့ ပါသည်။ သင်တန်းကာလ (၅)ပတ်ကြာမြင့်ခဲ့ပြီး ခေါင်းလျှော်၊ ဆံပင်ညှပ်၊ ဆံပင်ဆေးဆိုး၊ ဟိုက်လိုက်ဖောက်၊ မျက်နှာဆေး ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြကာ သင်တန်းနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆို၍ ထိုက်ထိုက်တန်တန်အောင်မြင်ခဲ့ကြခြင်းဖြစ်ပါသည်။ (၂) ပတ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး (၃) ပတ်တာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခဲ့ကြခြင်းဖြစ်ပါသည်။
New Myanmar Foundationမှ Monitoring & Evaluation Officer ဦးဝိုင်းချစ်အောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် NMF အနေဖြင့် အားလုံးလုပ်ငန်းခွင်ဝင်ကြကာ ဝင်ငွေရရှိစေရန်၊ ဒီမိုကရေစီအရေးလုပ်ငန်းများနှင့် တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရန် ရည်ရွယ်၍ ဆံပင်ညှပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် မိမိတို့၏ Network ကို တတ်နိုင်သမျှချဲ့ကြရန်၊ လုပ်ငန်းခွင်ဝင်ရာတွင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ဖိနှိပ်ခံရပါက ရှေ့နေဖြစ်သော လူ့အခွင့်အရေးသင်တန်းဆရာမကို ဆက်သွယ်ရန်၊ NMF မှ အခြားလုပ်ဆောင်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ လိုအပ်ပါက ဆက်သွယ်ရန် ပြောကြားခဲ့ပါသည်။
ထို့နောက်သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး၊ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်းဆင်းပြီးနောက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ပြောကြားကာ သင်တန်းဆင်းနှုတ်ဆက်စကားပြောကြားခဲ့ကြပြီးနောက် အမှတ်တရဓါတ်ပုံရိုက်ကူးကာ သင်တန်းဆင်းပွဲကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

