New Myanmar Foundation ၏ စိတ်ဓါတ်ရေးရာကူညီပံ့ပိုးပေးမှု (Counselling) အစီအစဥ်ကို ၂၀၂၂ နို၀င်ဘာလ (၃၀)နေ့ကပင် စတင်ဆောင်ရွက်လျက်ရှိပါသည်။ NMF ၏ စိတ်ဓါတ်ရေးရာကူညီပံ့ပိုးပေးမှု အစီအစဥ်သည် ပြည်တွင်းပြည်ပမှ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းလှုပ်ရှားသူများ၊ အသက်စွန့် ထွက်ပြေးတိမ်းရှောင်နေသူများ၊ နိုင်ငံရေး အကျဥ်းသားများ၏ မိသားစု၀င်များ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးသွားသဖြင့် စိတ်ဒဏ်ရာရသူများအတွက် ကူညီပံ့ပိုးနိုင်ရန် အထွေထွေဂါကု ဆေးရုံတွင် Counsellor တာ၀န်ထမ်းဆောင်ခဲ့သော လုပ်သက် (၁၆)ရှိ ဆရာမဒေါ်မြင့်မြင့်ရှိန်မှ Onlineဖြင့် Counselling နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက် ရှိပါသည်။
ဒီဇင်ဘာလအတွင်းOnline ဖြင့် Counselling ပြုလုပ်ခဲ့သောလူဦးရေ စုစုပေါင်း(၃၄)ဦးရှိခဲ့ပါသည်။
ကျား(၁၄)ဦးနှင့်မ(၂၀)ဦး အားစိတ်ဓါတ်ရေးရာကူညီပံ့ပိုးပေးမှု (Counselling) ကို ဆောင်ရွက်ပေးခဲ့ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် အခကြေးငွေကုန်ကျခြင်းမရှိဘဲနှစ်သိမ့် ဆွေးနွေးမှု ခံယူနိုင်ရန် အတွက် signal ဖုန်း 063 528 7284 သို့ဆက်သွယ်ပြီး online မှ နှစ်သိမ့် ဆွေးနွေးမှုကို ရယူနိုင်ပါသည်။

