အမျိုးသမီးဆံပင်ညှပ်သင်တန်း အပါတ်စဉ်-၄ အတွက်သင်တန်းသူများ ခေါ်ယူခြင်း

Dec 14, 2022 | VOCATIONAL TRAINING | 0 comments

မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သား အမျိုးသမီး များ အတွက် (၅) ပါတ်ကြာ အခမဲ့ဆံပင်အလှပြုပြင် သင်တန်းကို ၃-၁-၂၀၂၃ ရက်နေ့ (အင်္ဂါနေ့) တွင် မဲဆောက် သင်တန်းကျောင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများအနေဖြင့် သင်တန်းမှ ချမှတ်ထား သည့် အောက်ပါစည်းကမ်းချက်များကို လိုက်နာနိုင်ပါက Google Form (Form Link – https://forms.gle/KtMojT8SxsehKGaW9 ) တွင် ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသော သင်တန်းဆရာမ ပြည့်ဖြိုးအိမှ အမျိုးသမီး ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆေးစပ်၊ ဆံပင်ဖြောင့်၊ ဆေးဆိုးနှင့် ဆံပင်ကောက်/ဖွ ပညာတို့ကို စာတွေ့၊ လက်တွေ့တို့ဖြင့် သင်ကြားပေး မည်ဖြစ်ပါသည်။

သင်တန်းူများ လိုက်နာရမည့်စည်းကမ်းချက်များ –

သင်တန်းချိန်မှာ တစ်ပါတ်လျှင် (၆)ရက် (တနင်္ဂနွေနေ့မှ သောကြာနေ့) အထိ နံနက် (၈း၀၀) နာရီ မှ ညနေ ၄း၀၀) နာရီ ထိဖြစ်ပါသည်။ နေ့လည် ထမင်းစားနားချိန်မှာ နေ့လည် (၁၁း၀၀)နာရီ မှ (၁၁း၃၀) နာရီ အထိ ဖြစ်ပါသည်။

မနက် break time မှာ ( ၉း၃၀) နာရီ မှ (၉း၄၅) နာရီ အထိ ဖြစ်ပါသည်။

၁။ သင်တန်းကာလ (၅) ပါတ် အတွင်း သင်တန်းကျောင်းကို ပုံမှန်တက်ရောက်နိုင်ရမည်။ အနည်းဆုံး ကျောင်းခေါ်ချိန် ၇၅% ပြည့်ရန် လိုအပ်ပါသည်။

၂။ သင်တန်းူများသည် တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးပျူငှာစွာဆက်ဆံရမည်။ ကွင်းဆင်းလေ့လာချိန်အပါအဝင် သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရပါ။ ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။

၃။ လျှောက်ထားသူသည် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ ကောင်းမွန်သူဖြစ်ရမည်။ လုပ်ငန်းသဘာဝအရ အရေပြားရောဂါများနှင့် အခြားကူးစက်ရောဂါများ ကင်းရှင်းရန်လိုအပ်ပါသည်။ (ဥပမာ- တီဘီ၊ ပွေး၊ ဝဲ၊ ညှင်း)

၄။ သင်တန်းူများသည် မိမိအစီစဉ်ဖြင့် သင်တန်းသို့ လာရောက်သင်ကြားရမည်ဖြစ်ပြီး အစားအသောက်ကိစ္စများကိုလည်း မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပါသည်။ (ကြို/ပို့ ကိစ္စများ ၊ မနက်/နေ့လည်/ညစာများကို စီစဉ်ပေးမည် မဟုတ်ပါ။)

၅။သင်တန်းခန်းမအတွင်း အရက်၊ဘီယာ၊ဆေးလိပ်၊ကွမ်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရပါ။

၆။သင်တန်းဆင်းချိန်တွင်သင်တန်းမှ သင်ထောက်ကူပစ္စည်းများအား အလှည့်ကျတာဝန်ဖြင့် စနစ်တကျသိမ်းဆည်းပြီး သင်တန်းခန်းမအား သန့်ရှင်းရေးပြန်လည်ပြုလုပ်ပေးခဲ့ရပါမည်။

၇။ အကြောင်းကိစ္စတစ်ခုခုရှိ၍ သင်တန်းပျက်ကွက်လိုပါက သင်တန်းမှူးထံ ကြိုတင် ခွင့်ပြုချက် တောင်းခံရမည်။

၈။ သင်တန်းပြီးဆုံးသည်အထိ တက်ရောက် သင်ယူနိုင်ရမည်။

၉။ သင်တန်းပြီးပါက လုပ်ငန်းခွင်ဝင်ရပါမည်။

၁၀။ အကယ်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ပန်းရောင်ကတ်လုပ်ရန်လိုအပ်ပါကလုပ်ရပါမည်။

ညနေ break time မှာ ( ၂) နာရီမှ (၂း၁၅) နာရီ အထိဖြစ်ပါသည်။

ဆံပင်နှင့်ပတ်သက်ပြီး သင်ကြားပေးသွားမည့် ပညာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဆံပင်ညှပ်

၂။ ခေါင်းလျှော်

၃။ ဆံပင်ဆေးဆိုး

၄။ ဆံပင်အရောင်ဆေးစပ်

၅။ ဆံပင်ကောက်/ဖွ

၆။ ဆံပင်ဖြောင့်

ဆံပင်ညှပ်ပညာရပ်များ သင်တန်းတွင်စားမေးပွဲဖြေဆိုပြီးပါက ကွင်းဆင်းလေ့လာရေးခရီးစဉ်ကို သင်တန်းမှစီစဉ်ပေးမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်

New Myanmar Foundation

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Nan Thin Thu Zar Ph: 0628499241, Signal +66 628 499 241, Email: [email protected]

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...