မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundation က ဦးစီး၍ ဒီဂျစ်တယ်နည်းပညာများကို လုံခြုံစိတ်ချစွာနှင့် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရေး အတွက် Digital Literacy and Security Training များကို ကျင်းပပြုလုပ်လျက်ရှိရာ (၉) ရက် ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်တွင် အပတ်စဉ် (၆) ကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။
သင်တန်းသားများရွေးချယ်ရာတွင်
မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများကို ပြန်လည်ဝေမျှပေးရန် ဆန္ဒရှိသူများ။
လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ။
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများ။
မြန်မာနိုင်ငံတွင်း ဝေးလံသောဒေသများ၊ ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ပုဂ္ဂိုလ်များကို အထူးဦးစားပေး ရွေးချယ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကာလအတွင်း အောက်ဖော်ပြ အကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ပါသည်။
အသုံးအများဆုံး Operating Systems များဖြစ်ကြသည့် Microsoft Windows, Linux, MacOs, Android နှင့် IOS များအကြောင်းနှင့် ဖိုင်စနစ်များအကြောင်း၊Operating System နှင့် တွဲဖက်အသုံးပြုရသည့် Application များအကြောင်းနှင့် လုပ်ငန်းခွင်အတွင်း သင့်လျော်သည့် Application များကို မှန်ကန်စွာ အသုံးချနိုင်ရေး၊Digital Devices အသုံးပြုသူများအတွက် လိုအပ်မည့် Cyber Security Tips များအကြောင်း
Client နှင့် Server မည်ကဲ့သို့ ဆက်သွယ်လုပ်ဆောင်ခြင်းအကြောင်း သင်ကြားခြင်း, ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ဆက်ကြောင်းများအကြောင်း, Mobile ဖုန်းတွေ အင်တာနက်ဘယ်လိုချိတ်ဆက်သလဲ၊ VPN တွေ ဘယ်လိုအလုပ်လုပ်သလဲ၊ဘယ်လိုလုပ်ငန်းတွေမှာ ပိုလိုအပ်သလဲ၊ Mobile phone များအတွက် သင့်လျော်သောVPN များ၊ Email နှင့် Email Providers များအကြောင်း သင်ကြားသွားမည်ဖြစ်သည်။
Google မှ Provide လုပ်ထားသော Email Client ဖြစ်သည့် Gmail အသုံးပြုနည်း နှင့် အသုံးများသည့် Google Products များဖြစ်သည့် Docs, Slide, Sheets, Keep, Drive, Form, Maps, Photo, Translate, and so on.–
Best regards,
Aung Ko Latt (Trainer)
New Myanmar Foundation

