![]()
![]()
![]()
New Myanmar Foundation ၏ Safe Houseနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြသော လူကြီးများနှင့် ကလေးသူငယ်များ အသိပညာတိုးပွားစေရန်နှင့် ပျော်ရွှင်ချမ်းမြေ့စေရန်၊ စာအုပ်ဖတ်ခြင်းဖြင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ညစ်ညူးခြင်းများ ပြေပျောက် စေရန် ရည်ရွယ်၍ စာကြည့်တိုက်လေးတစ်ခုကိုဖွင့်လှစ်ပေးထားသည်မှာ (၁) လတင်းတင်း ပြည့်ပြီဖြစ်ပါသည်။ အများပြည်သူ များ စိတ်ပျော်ရွှင်မှု ကူးစက်စေရန် ဓါတ်ပုံလေးများ ဖော်ပြလိုက်ရပါသည်။
![]()
![]()
ထို့အပြင် Safe Houses နှင့် ပတ်ဝန်းကျင်ရှိ မိသားစုများ နေ့၊ ည မရွေး ကျန်းမာရေး စိတ်အေးချမ်းစေရန် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းကို စတင်ခဲ့သည်မှာလည်း (၁) လ ပြည့်မြောက်ပြီ ဖြစ်ပါသည်။ မေတ္တာအပြည့်ဖြင့် တာဝန်ယူ ကုသ ပေးလျှက်ရှိသော Safe House မှ ကလေးတို့ရဲ့ ဘွားဘွား၊ မေမေများရဲ့ အန်တီ၊ ဆရာမကြီးအား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ ![]()
![]()
![]()




