New Myanmar Foundation မှ စီစဉ်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသားဆံပင်အလှပြုပြင်ရေး သင်တန်းအပတ်စဉ် (၃) ကို ၁၅-၁၁-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ပထမဦးစွာ သင်တန်းဖွင့်ပွဲတွင် New Myanmar Foundation၏ Executive Director ဒေါက်တာ စန်းအောင်မှ သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းသား/သူ များအား ရှေ့ဆက်ကူညီပံ့ပိုးသွားမည့်ကိစ္စများကို ဦးစွာ ရှင်းလင်းပြောကြားခဲ့ပြီး
- ပညာရပ်ကို ကြိုးကြိုးစားသင်ယူလေ့လာကြရန်၊
- သင်တန်းကိုပြီးဆုံးအောင်တက်ရန်၊
- သင်တန်းသား/သူ အချင်းချင်း ကူညီရိုင်းပင်းကြရန်၊
- အသိုက်အဝန်းနှင့် လူမှုကွန်ယက်များ ဖြန့်ကျက်ကြရန်၊
- မိမိခြေထောက်ပေါ် မိမိရပ်နိုင်သည်အထိ ကြိုးပမ်းကြရန်၊
- အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်ဖယ်ရှားရေးကိုလည်း မမေ့မလျော့ အစဉ်တစိုက်ကြိုးပမ်းကြရန် တို့ကို မှာကြားတိုက်တွန်းခဲ့ပါသည်။
သင်တန်းသူ/သင်တန်းများမှလည်း တစ်ဦးချင်း မိတ်ဆက်စကားများပြောကြားခဲ့ကြပြီးနောက် သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယခုအခါ အမျိုးသမီးဆံပင်အလှပြုပြင်ရေးသင်တန်းတွင် မဲဆောက်ရောက် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူမြန်မာအမျိုးသမီး(၁၂)ဦးကိုလည်းကောင်း၊ အမျိုးသားဆံပင်ညှပ်သင်တန်းတွင် မဲဆောက်ရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသား(၁၂)ဦးကိုလည်းကောင်း လက်ခံသင်ကြားပေးလျက်ရှိပါ သည်။
သင်တန်းကာလမှာ(၅) ပါတ်တိတိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းအောင်မြင်ပြီးမြောက် သူများကို အလုပ်အကိုင်ရှာဖွေရေးနှင့်ပါတ်သက်၍ NMF မှ ဆက်လက်ကူညီသွားမည်ဖြစ်ပါသည်။
New Myanmar Foundationမှ အမျိုးသား၊ အမျိုးသမီး ဆံပင်ညှပ် သင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသူ/ သားများ၏ Google Formများ လက်ခံခြင်းကို နိုဝင်ဘာလ (၄) ရက်မှ နိုဝင်ဘာလ (၁၃) ရက်အထိ ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူပေါင်း (၆၅) ဦး ရှိခဲ့ပါသည်။ ၎င်းလျှောက်ထားသူများထဲမှ သင်တန်းသူ (၁၂) ဦး၊ သင်တန်းသား (၁၂) ရွေးချယ်ခဲ့ပါသည်။ ချန်လှပ်ထားခဲ့ရသူများကို အရံစာရင်းအဖြစ် မှတ်တမ်းတင်ထားပြီး ရွေးချယ်ခြင်းခံရသူများ အခြေအနေ အကြောင်းကြောင်းကြောင့် သင်တန်းမတက်ရောက် နိုင်ပါက အစားထိုးခေါ်ယူသွားမည်ဖြစ်ပါသည်။
ယခုသင်တန်း အပတ်စဉ်(၃)တွင် ရွေးချယ်ခြင်း ခံရသူများကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရွေးချယ်ခြင်း မခံရသူများအနေဖြင့် သင်တန်း အပတ်စဉ် (၄) တွင် ထပ်မံလျှောက်ထားနိုင်ပါသည်။ ၎င်းသင်တန်းတွင် အပတ်စဉ် (၃)မှ အရံစာရင်းတွင်ပါဝင်ခဲ့သူများ ပြန်လည်လျှောက်ထားပါက ဦးစားပေးခေါ်ယူမည်ဖြစ်ပါသည်။ သင်တန်းအပတ် စဉ်(၄)ဖွင့်လှစ်မည့်ရက်ကို New Myanmar Foundation Pageမှ ထပ်မံကြေညာပေးမည် ဖြစ်သဖြင့် စောင့်ကြည့် လျှောက်ထားနိုင်ပါသည်။
လေးစားစွာဖြင့်
Nan Thin Thu Zar
Program Manager
New Myanmar Foundation
အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
နန်းသင်းသူဇာ Ph: 0628499241, Signal +66628499241, Email: nmfhaircut@nmfadmin





