အလုပ်အကိုင်ရှာဖွေပေးရေး အစီအစဉ်မှအောက်တိုဘာလအတွင်းလုပ်ဆောင်ခဲ့မှုများ

Nov 10, 2022 | SAFE HOUSE | 0 comments

New Myanmar Foundation၏ ကယ်ဆယ်ရေး၊ပြန်လည်နေရာ ချထားရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ် ဧပြီလ မှစတင်ခဲ့သည်။ အောက်တိုဘာလအတွင်း ကူညီပေးခဲ့သူပေါင်း (၁၀၁) ဦးရှိပါသည်။

 အောက်တိုဘာလအတွင်းတွင် ဒီမိုကရေစီအ‌ရေး တက်ကြွလှုပ်ရှားသူပေါင်း (၁၅)ဦးကို မဲဆောက်သို့ အန္တရာယ်ကင်းစွာရောက်ရှိအောင် ကူညီပေးခဲ့ပြီး ဒီမိုကရေစီ အ‌ရေး တက်ကြွလှုပ်ရှားသူပေါင်း (၂၂) ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့ပါသည်။ အလုပ်ရရှိသူများထဲမှ(၂၀)ဦးမှာ New Myanmar Foundationမှ စက်ချုပ်သင်တန်းဆင်း ပြီးနောက် အလုပ်ချိတ်ဆက်ပေးလိုက်ခြင်းဖြစ် ပါသည်။ (၂)ဦးမှာမူ New Myanmar Foundationမှ ဖွင့်လှစ်သော ဆံပင်ညှပ်သင်တန်းမှ သင်တန်းဆင်းပြီးနောက် အလုပ် ရှာဖွေပေးလိုက်ခြင်းဖြစ်ပါသည်။

 မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ ကနဦးနေစရာ အဆင်ပြေစေရန် Safe House အကူအညီပေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာလအတွင်း Safe House တွင် လက်ခံပေးခဲ့သူပေါင်း (၂၄) ဦး ရှိပါသည်။ Safe House တွင် နေထိုင်ရန် ခွင့်ပြုပေးခဲ့ သူများမှာ ဒီမိုကရေစီအရေး  တစိုက်မတ်မတ် လုပ်ခဲ့သော အရပ်ဖက်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ, ပြည်သူ့ကိုယ်စားလှယ်များ, အကြမ်းမဖက် အာဏာဖီဆန်ရေး တွင် ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ, NLD ပါတီဝင်များ, တက်ကြွလှုပ်ရှား သူများနှင့် မိသားစုဝင်များ ပါဝင်ပါသည်။ ထို့အပြင် Safe house မှ ထွက်ခွာသွားချိန်တွင် အဆင်ပြေစေမှုရှိစေရန် အလုပ်အကိုင်သင်တန်း ချိတ်ဆက်ပေးခြင်း, အလုပ်သွင်း ပေးခြင်း များကိုလည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါ်မူတည်၍ ရှာဖွေပေးလျှက်ရှိပါသည်။

Safe house တွင် အဆင်ပြေချောမွေ့  စေရန် ရေ,မီး, မီးဖိုချောင်သုံးနှင့် အိမ်သုံး ပစ္စည်းများ ဖြည့်ဆည်း ပေးခြင်း, WiFi အင်တာနက်များ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် စာကြည့်တိုက် ဝန်ဆောင်မှုများလည်း Safe House တွင် စတင်နေပြီ ဖြစ်ပါသည်။ Covid-19 ကာကွယ်ဆေးထိုးရန် ၁၄ ရက်(၁၀)လပိုင်းတွင် (၁)ကြိမ်၊ ၂၈ရက်(၁၀)လပိုင်းတွင် (၁) ကြိမ် ပို့ဆောင်ပေးခဲ့ပါ သည်။

 ထို့အပြင် ဧပြီလမှ စတင်၍ အထွေထွေ အကူအညီ တောင်းခံမှုနှင့် စုံစမ်းမေးမြန်း မှုများကိုလက်ခံဖြေကြားပေးခဲ့ရာ ယခုအောက်တိုဘာလအတွင်း စုစုပေါင်း (၄၀) ဦးကို ကူညီပေးနိုင်ခဲ့ပါသည်။

 ထို့ကြောင့် NMF ၏ အကူအညီပေးရေး အစီအစဉ်မှ သြဂုတ်လအတွင်း စုစုပေါင်း လူပေါင်း (၁၀၁)ဦး ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ အဆင်ပြေ ချောမွေ့အောင် ကူညီပေးနိုင်ခဲ့ပါသည်။ အကူအညီ လိုအပ်သူများ အနေဖြင့် အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့ အတွင်း မနက် (၈) နာရီမှ ည (၉) အထိ ဖုန်းနံပါတ် (၀၉၄၇၈၄၁၉၆၇)သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။

 

 

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...