မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သား အမျိုးသား များ အတွက် (၁) လကြာ အခမဲ့ဆံပင်ညှပ် သင်တန်းကို ၁၅-၁၁-၂၀၂၂ ရက်နေ့ ( အင်္ဂါနေ့) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများအနေဖြင့် သင်တန်းမှ ချမှတ်ထား သည့် အောက်ပါစည်းကမ်းချက်များကို လိုက်နာနိုင်ပါက Google Form (Form Link – https://docs.google.com/…/19Oi5WHmR9lOi3nHqc6p4iq8…/edit) တွင် ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ (၅) နှစ်ကျော်ရှိသော သင်တန်း ဆရာ ကိုစိုးအောင်မှ အမျိုးသား ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆေးဆိုးနှင့် ဆံပင်ကောက်/ဖွ ပညာတို့ကို စာတွေ့၊ လက်တွေ့တို့ဖြင့် သင်ကြားပေး မည်ဖြစ်ပါသည်။ သင်တန်းကျောင်းနေရာမှာ မယ်ပ၊ တရုတ်သင်္ချိုင်းအနီးတွင် ဖြစ်ပါသည်။
သင်တန်းသားများ လိုက်နာရမည့်စည်းကမ်းချက်များ –
၁။ သင်တန်းကာလ (၁) လ အတွင်း သင်တန်းကျောင်းကို ပုံမှန်တက်ရောက်နိုင်ရမည်။ အနည်းဆုံး ကျောင်းခေါ်ချိန် ၇၅% ပြည့်ရန် လိုအပ်ပါသည်။
၂။ သင်တန်းသားများသည် တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးပျူငှာစွာဆက်ဆံရမည်။ ကွင်းဆင်းလေ့လာချိန်အပါအဝင် သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရပါ။
ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။
၃။ လျှောက်ထားသူသည် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ ကောင်းမွန်သူဖြစ်ရမည်။ လုပ်ငန်းသဘာဝအရ အရေပြားရောဂါများနှင့် အခြားကူးစက်ရောဂါများ ကင်းရှင်းရန်လိုအပ်ပါသည်။ (ဥပမာ- တီဘီ၊ ပွေး၊ ဝဲ၊ ညှင်း)
၄။ သင်တန်းသားများသည် မိမိအစီစဉ်ဖြင့် သင်တန်းသို့ လာရောက်သင်ကြားရမည်ဖြစ်ပြီး အစားအသောက်ကိစ္စများကိုလည်း မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပါသည်။ (ကြို/ပို့ ကိစ္စများ ၊ မနက်/နေ့လည်/ညစာများကို စီစဉ်ပေးမည် မဟုတ်ပါ။)
၅။သင်တန်းခန်းမအတွင်း အရက်၊ဘီယာ၊ဆေးလိပ်၊ကွမ်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရပါ။
၆။သင်တန်းဆင်းချိန်တွင်သင်တန်းမှ သင်ထောက်ကူပစ္စည်းများအား အလှည့်ကျတာဝန်ဖြင့် စနစ်တကျသိမ်းဆည်းပြီး သင်တန်းခန်းမအား သန့်ရှင်းရေးပြန်လည်ပြုလုပ်ပေးခဲ့ရပါမည်။
၇။ အကြောင်းကိစ္စတစ်ခုခုရှိ၍ သင်တန်းပျက်ကွက်လိုပါက သင်တန်းမှူးထံ ကြိုတင် ခွင့်ပြုချက် တောင်းခံရမည်။
၈။ သင်တန်းပြီးဆုံးသည်အထိ တက်ရောက် သင်ယူနိုင်ရမည်။
၉။ သင်တန်းပြီးပါက လုပ်ငန်းခွင်ဝင်ရပါမည်။
၁၀။ အကယ်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ပန်းရောင်ကတ်လုပ်ရန်လိုအပ်ပါကလုပ်ရပါမည်။
သင်တန်းချိန်မှာ တစ်ပါတ်လျှင် (၆)ရက် (တနင်္ဂနွေနေ့မှ သောကြာနေ့အထိ) ဖြစ်ပါသည်။
သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ ၅း၃၀) နာရီ ထိဖြစ်ပြီး နေ့လည် ထမင်းစားနားချိန်မှာ နေ့လည် (၁၂း၀၀)နာရီ မှ (၁း၂၃၀) နာရီ အထိ ဖြစ်ပါသည်။
မနက် break time မှာ ( ၁၀း၃၀) နာရီ မှ (၁၀း၄၅) နာရီ အထိ ဖြစ်ပါသည်။
ညနေ break time မှာ ( ၃) နာရီမှ ( ၃း၁၅) နာရီ အထိဖြစ်ပါသည်။
ဆံပင်နှင့်ပတ်သက်ပြီး သင်ကြားပေးသွားမည့် ပညာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဆံပင်ညှပ်
၂။ ခေါင်းလျှော်
၃။ ဆံပင်ဆေးဆိုး
၄။ ဆံပင်အရောင်ဆေးစပ်
၅။ ဆံပင်ကောက်/ဖွ
ဆံပင်ညှပ်ပညာရပ်များ သင်တန်းတွင်စားမေးပွဲဖြေဆိုပြီးပါက ကွင်းဆင်းလေ့လာရေးခရီးစဉ်ကို သင်တန်းမှစီစဉ်ပေးမည် ဖြစ်ပါသည်။
လေးစားစွာဖြင့် ……
New Myanmar Foundation
အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Dr. Su, Ph no – 0628499241, Signal +66 628499241,
Email; [email protected]

