ယနေ့သည် ထိုင်းနိုင်ငံ၏ ဖခင်များနေ့ Father’s Day ဖြစ်ပြီး ထိုင်းပြည်သူ အများလေးစား လှသည့် နတ်ရွာစံခဲ့ပြီးဖြစ်သည့် ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej (Rama IX)၏ မွေးနေ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ထိုင်းဘုရင်ကြီးသည် တိုင်းသူပြည်သားများအပေါ် မင်းကျင့် တရား(၁၀)ပါးနှင့်အညီ သနားကြင်နာခြင်း၊ ဂရုဏာတရား၊ မေတ္တာထားကာ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ခဲ့သဖြင့် ထိုင်းပြည်သူတရပ်လုံး တိုးတက်၊ ချမ်းသာ၊ တည်ငြိမ်၊ အေးချမ်းခဲ့ပါသည်။
ထိုသို့လုပ်ဆောင်မှုများအားလုံးသည် ကွယ်လွန်သူထိုင်းမိဖုရားကြီးသီရိခေတ် ပံ့ပိုးကူညီ၊ ပါရမီဖြည့် ခဲ့မှုများကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဤမွေးနေ့အခါသမယတွင် ကွယ်လွန်သူထိုင်းဘုရင်ကြီးနှင့်မိဖုရားကြီးတို့ ကောင်းရာဘုံဘဝသို့ ရောက်ရှိစံစားနိုင်ပါစေကြောင်းနှင့် ယနေ့စိုးစံအုပ်ချုပ်နေသော ထိုင်းဘုရင်ကြီး နှင့် ကြင်ယာတော်မိဖုရားကြီးတို့လည်း ထိုင်းပြည်သူများနှင့်အတူ ကျန်းမာချမ်းသာ၍ အသက်ရာ ကျော်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻



