ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နယူးမြန်မာဖောင်ဒေးရှင်းမှဦးစီး၍ (၇၇) နှစ်မြောက် လူ့အခွင့် အရေးနေ့ အခမ်းအနားကျင်းပ

Dec 10, 2025 | Activities, Human Rights | 0 comments

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့၌ နယူးမြန်မာ ဖောင်ဒေးရှင်း (𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) မှ ဦးဆောင်ပြီး 𝐓𝐡𝐞 𝐒𝐩𝐚𝐜𝐞 𝐘𝐨𝐮𝐭𝐡 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 ၊ 𝐁𝐫𝐢𝐝𝐠𝐞 𝐨𝐟 𝐏𝐞𝐚𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကူညီမှုဖြင့် (၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားအား ကျင်းပပြုလုပ် ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နယူးမြန်မာဖောင်ဒေးရှင်း၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါက်တာစန်းအောင် မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး မယ်တော်ဆေးခန်း၏ အကြီးအကဲဆရာမကြီး ဒေါက်တာစင်သီယာမောင်မှ ဗီဒီယိုဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုးရ(𝐍𝐔𝐆), တရား ရေးရာ၀န်ကြီး ဦးသိန်းဦး၊ ၊ 𝐓𝐡𝐞 𝐁𝐨𝐫𝐝𝐞𝐫 𝐂𝐨𝐧𝐬𝐨𝐫𝐭𝐢𝐮𝐦 မှ 𝐀𝐫𝐭𝐡𝐨𝐫𝐧 𝐒𝐫𝐢𝐤𝐞𝐞𝐫𝐚𝐭𝐢𝐤𝐚𝐫𝐧 ၊ 𝐌𝐢𝐠𝐫𝐚𝐧𝐭 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐆𝐫𝐨𝐮𝐩 အဖွဲ့ကိုယ်စားပြု၍ ဆရာဦးမိုးကျော်၊ 𝐆𝐞𝐧𝐝𝐞𝐫-𝐁𝐚𝐬𝐞𝐝 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 အဖွဲ့ကိုယ်စားပြု၍ ဆရာမ 𝐄𝐡 𝐊𝐮 𝐏𝐚𝐰 တို့မှလည်း တက်ရောက် ချီးမြှင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြပါသည်။

အခမ်းအနားအတွက် ကမ္ဘာတဝှမ်းရှိ အဖွဲ့အစည်း များဖြစ်သော 𝗔𝗹𝘁𝘀𝗲𝗮𝗻 𝗕𝘂𝗿𝗺𝗮, 𝗔𝘀𝗶𝗮 𝗣𝗮𝗰𝗶𝗳𝗶𝗰 𝗥𝗲𝗳𝘂𝗴𝗲𝗲 𝗥𝗶𝗴𝗵𝘁𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 (𝗔𝗣𝗥𝗥𝗡), 𝗔𝘀𝗶𝗮 𝗗𝗲𝗺𝗼𝗰𝗿𝗮𝗰𝘆 𝗡𝗲𝘁𝘄𝗼𝗿𝗸 (𝗔𝗗𝗡), 𝗖𝗵𝘂𝗿𝗰𝗵 𝗪𝗼𝗿𝗹𝗱 𝗦𝗲𝗿𝘃𝗶𝗰𝗲 (𝗖𝗪𝗦), 𝗚𝗿𝗲𝗮𝘁𝗲𝗿 𝗠𝗲𝗸𝗼𝗻𝗴 𝗖𝗲𝗻𝘁𝗿𝗲 (𝗚𝗠𝗖), 𝗔𝗦𝗘𝗔𝗡 𝗣𝗮𝗿𝗹𝗶𝗮𝗺𝗲𝗻𝘁𝗮𝗿𝗶𝗮𝗻𝘀 𝗳𝗼𝗿 𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 (𝗔𝗣𝗛𝗥) တို့မှလည်း မြန်မာပြည်သူများအတွက် ဂုဏ်ပြုဗီဒိယိုမှတ်တမ်းများ ပေးပို့ခဲ့ကြ ပါသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက် ခံစားခဲ့ရသူများ၏ ရင်တွင်းစကားသံများကို 𝗧𝗵𝗲 𝗦𝗽𝗮𝗰𝗲 𝗬𝗼𝘂𝘁𝗵 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗖𝗲𝗻𝘁𝗿𝗲 မှ 𝗦𝗲𝗻𝗶𝗼𝗿 𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ဦးဝိုင်းချစ်အောင်၊ သမိုင်းသယ်ဆောင်သူများအဖွဲ့ တည်ထောင်သူ ဒေါ်ရီရီဆွေ၊ 𝗗𝗲𝗺𝗼𝗰𝗿𝗮𝗰𝘆 𝗬𝗼𝘂𝘁𝗵 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှ အတွင်းရေးမှူး ဦးမင်းသျှင်လူ၊ 𝗕𝗿𝗲𝗮𝗸𝗶𝗻𝗴 𝗕𝗿𝗮𝗶𝗻𝘄𝗮𝘀𝗵𝗲𝗱 𝗠𝗲𝗱𝗶𝗮 နှင့် ပိတောက်ဖူး၏ သတင်းတင်ဆက်သူ ဦးထွန်းထွန်းတို့မှ ဖွင့်ဟ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။ ထို့နောက် နယူးမြန်မာ ဖောင်ဒေးရှင်းမှ “အနာဂတ်တွင် မြန်မာ ပြည်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့ကျပြီး ပပျောက်သွားရန် မည်သို့လုပ်ဆောင် ကြရမည်နည်း” စကားဝိုင်းအစီစဉ် တရပ်ကို ယင်းအခမ်းအနားတွင် ထည့်သွင်းလုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးအောင်မျိုးကျော် ၊ ရခိုင်အမျိုးသမီး များ ကွန်ရက်ဥက္ကဌ ဒေါ်ညိုအေး၊ နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ရွှေခြံမြေကွန်ရက်မှ တာဝန်ခံ ဦးဆန်းဦး နှင့် 𝗧𝗵𝗲 𝗦𝗽𝗮𝗰𝗲 𝗬𝗼𝘂𝘁𝗵 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗖𝗲𝗻𝘁𝗿𝗲 မှ 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗢𝗳𝗳𝗶𝗰𝗲𝗿 ဦးနွေဦးကိုကို တို့မှ ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

(၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် တက်ရောက်လာသူများ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲဖြင့် လူ့အခွင့်အရေး နှင့် ပတ်သက်သည့် ကြေညာချက်တစ်စောင်ကို လည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများအား 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 လူ့အခွင့်အရေးဌာနမှ တာဝန်ခံ နော်စေးလေဖော မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်း ခဲ့ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...