လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း အွန်လိုင်းသင်တန်း အပတ်စဉ် (၅) အတွက် သင်တန်းသားများခေါ်ယူခြင်း

Sep 26, 2025 | ANNOUNCEMENT, Human Rights | 0 comments

နေ့စွဲ။ ။ စက်တင်ဘာလ (၂၆) ရက်၊ ၂၀၂၅ ခုနှစ်။

နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းအပတ်စဉ် (၅) ကို Zoom Platform အား အသုံးပြုကာ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါ၍ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Google Form တွင် Register လုပ်နိုင်ပါသည်။

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းသင်တန်းဖြစ်ပါ၍ အနိမ့်ဆုံးအနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာအခြေခံအသိပညာရှိထားပြီးသောသူများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှစီစဉ်သော လူ့အခွင့် အရေးအခြေခံသင်တန်းဖြစ်စေ၊ အခြားသောအဖွဲ့အစည်းများမှ ပို့ချပေးသော လူ့အခွင့်အရေး အခြေခံသင်တန်းတစ်ခုခုဖြစ်စေ ပြီးမြှောက်အောင်မြင်ထားသူများသာ လျှောက်ထားပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

ဤသင်တန်းအပတ်စဉ်အတွက် ယခုလျှောက်လွှာ ခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ရွေးချယ်ကာ ဆက်သွယ်တက်ရောက်စေမည် ဖြစ်ပါသည်။

ဤသင်တန်းအစီအစဉ်၏ ဖွင့်လှစ်ပို့ချမည့် သင်တန်းအချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းနိုင်ပါသည်။

သင်တန်း အချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း အောက်တိုဘာလ (၁၃) ရက်နေ့မှ (၂၂) ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေတို့တွင် သင်တန်းပိတ်ပါသည်) (၈) ရက်ကြာ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ – ၁၂ နာရီ၊ နေ့လည် ၁ နာရီ – ၃ နာရီ] ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့် သူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းသို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကိုသာ သင်တန်းတက်ရောက်ရန် ပြန်လည်ဆက်သွယ်အကြောင်းကြားပါမည့်အကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်လွှာဖောင်ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက Training Organizer ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လျှောက်လွှာဖောင်လင့်ခ် – https://forms.gle/SwU3behHWLjwQds67

လေးစားစွာဖြင့်

Training Organizer

Signal +66660621776

Email: [email protected]

October 2025

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

New Myanmar Foundation တွင် “အခြေခံစားနပ်ရိက္ခာ လျှောက်ထားရမည့် ပုံစံလမ်းညွှန်”

New Myanmar Foundation တွင် “ပုံမှန်ရိက္ခာ” နှင့် “အရေးပေါ်ရိက္ခာ” (၂) မျိုးရှိပါသည်။ “ပုံမှန်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0659252173 သို့ လည်းကောင်း “အရေးပေါ်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0815520516 သို့ လည်းကောင်း ဆက်သွယ်လျှောက်ထားရမည် ဖြစ်ပါသည်။...

(အောက်တိုဘာလ) အတွင်း နိုဝင်ဘာ နှင့် ဒီဇင်ဘာ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ....ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐌𝐇𝐏𝐒𝐒 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက်...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၀) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၄...

ထိုင်း – မြန်မာ နယ်စပ်အနီးရှိ ထီးဘော်ကော စစ်ဘေးရှောင်ကျောင်းနှင့် ဖုတ်ဖရရှိ 𝐖𝐡𝐢𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 အား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှလှူဒါန်းမှု မှတ်တမ်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် New Myanmar Foundation မှ ထိုင်း–မြန်မာနယ်စပ် အနီးရှိ ကျောင်းသူ/ကျောင်းသား (၁၄၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦးရှိသည့် ထီးဘော်ကော စစ်ဘေးရှောင်ကျောင်း နှင့် ကျောင်းသူ/ကျောင်းသား (၁၈၀) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး ရှိသည့် ဖုတ်ဖရရှိ White Learning...

𝟏𝟔-𝟎𝟗-𝟐𝟎𝟐𝟓 မှ 𝟐6-𝟎𝟗-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

16 . 9 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော - မှို - 5 kg ၊ ဘူးသီး - 75 kg ၊ ရုံးပတီသီး - 45 kg ၊ ကန်စွန်းရွက် - 50 kg ၊ သခွါးသီး - 90 kg ၊ ပဲတောင့်ရှည် - 59 နှင့် ဗုံလုံသီး - 7 kg စုစုပေါင်း = 351 kg အား ( Love & Care ) သို့ လူဦးရေ - 1324 ဦး စာအတွက်...

(၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပ

စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် (၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊...

နယူးမြန်မာဖောင်ဒေးရှင်း (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (𝗠𝗛𝗣𝗦𝗦 𝗣𝗿𝗼𝗴𝗿𝗮𝗺) အတွက် အကြံပေးသူ (𝗖𝗼𝘂𝗻𝘀𝗲𝗹𝗼𝗿) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ...

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

New Myanmar Foundation ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၅ သြဂုတ်လအထိ လူဦးရေ (900) ဝန်းကျင်ခန့် အရေးပေါ် အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ...