အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဥ် (၉) အတွက်သင်တန်းသားခေါ်ယူခြင်း

Aug 11, 2025 | ANNOUNCEMENT, Basic Computer Training | 0 comments

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။

ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ/ ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင် ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေဖြင့် နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန် ရည်ရွယ်၍ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခမဲ့အခြေခံကွန်ပျူတာသင်တန်းများကို ဧပြီလ ၂၀၂၅ ခုနှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာမှာ ယခုအခါ အပတ်စဉ် (၉) အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယခုအပတ်စဉ် (၉) အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အခြေခံကွန်ပျူတာသင်တန်း သင်တန်းအပတ်စဉ် (၉) ကို (၂၅-၈-၂၀၂၅) မှ စတင်ဖွင့်လှစ် ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် အပတ်စဉ်တစ်ခုလျှင် (၁၀) ရက် ကြာမြင့်မည် ဖြစ်ပြီး သင်တန်းတက်ရောက်စဉ်ကာလအတွင်း သွားလာစရိတ်အဖြစ် (၇၀၀) ဘတ်အား ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ကွန်ပျူတာကို အခြေခံမှစ၍ စနစ်တကျ သင်ကြား လိုသူများ၊ ကွန်ပျူတာနှင့်သက်ဆိုင်သော ပညာရေးနှင့် အလုပ်အကိုင်ရှာဖွေရန် ကြိုးစားနေသူ များအတွက် အထူးသင့်လျော်သော သင်တန်းဖြစ်သည့်အတွက် မဲဆောက်ရောက် မြန်မာပြည်သူ/ သားများ အနေဖြင့် ကွန်ပျူတာကိုအခြေခံမှစ၍ တက်ရောက်လိုစိတ်ရှိသူ မည်သူမဆို တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။

အခြေခံကွန်ပျူတာ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း လူကိုယ်တိုင် (In Person) သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းကာလ – ၂၅-၈-၂၀၂၅ မှ ၄-၉-၂၀၂၅ အထိ (တနင်္ဂနွေနေ့တိုင်း ပိတ်ပါသည်။)

သင်တန်းအချိန် – နေ့လည် ၁၂း၀၀ နာရီ – ၅း၀၀ အထိ

သင်တန်းနေရာ – မယ်ပ ၊ ထိုင်းနိုင်ငံ။

အခြေခံကွန်ပျူတာ သင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 ကို ဩဂုတ်လ (၁၁) ရက်နေ့ မှ (၂၀) ရက် နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော လူဦးရေ ပြည့်ပါက သင်တန်းလျှောက်လွှာဖောင်အား ပိတ်သွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများကိုသာ Signal/ E-mail/ ဖုန်းမှတဆင့် ပြန်လည်အကြောင်းကြား ပေးသွားမည်ဖြစ်ပါ၍ လျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Signal/ E-mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံ အပ်ပါသည်။

အခြေခံကွန်ပျူတာသင်တန်း လျှောက်ထားရန် 𝐋𝐢𝐧𝐤-

https://forms.gle/xQq62zptS3qxSj4f6

New Myanmar Foundation ၏ အခြေခံကွန်ပျူတာသင်တန်းများနှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ကွန်ပျူတာသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင် (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻)

𝗣𝗵𝗼𝗻𝗲: +𝟲𝟲 𝟵𝟰𝟵 𝟬𝟱𝟲 𝟳𝟰𝟭

𝗘𝗺𝗮𝗶𝗹: 𝗻𝗺𝗳.𝗰𝗼𝗺𝗽𝘂𝘁𝗲𝗿𝘁𝗿𝗮𝗶𝗻𝗲𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

March 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...