Individual Housing Program Assistant ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

Aug 8, 2025 | ANNOUNCEMENT, Recruiting, SAFE HOUSE | 0 comments

New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက် လျက်ရှိရာ Safe House များတွင် တခြားသူများနှင့် အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြား နေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing)များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက် ဝန်ထမ်း (Program Assistant) လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး – Program Assistant

လျှောက်လွှာလက်ခံမည့်ကာလ – ၈ရက် ၊ ဩဂုတ်လ၂၀၂၅ မှ ၁၃ ဩဂုတ်လ၂၀၂၅ အထိ

နေရာ – မဲဆောက်

အစမ်းခန့်ကာလ – ၃ လ

အစမ်းခန့်လစာ – ဘတ် ၈၀၀၀

ပုံမှန်လစာ – ဘတ် ၁၀၀၀၀

အစီရင်ခံရမည့်သူ – Program Officer

ခန့်အပ်မည့်ဦးရေ – (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

===================

မဲဆောက်မြို့အတွင်းရှိ ကျန်းမာရေး/ အသက်အရွယ်/ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များအရ/ မိမိဘာသာ နေထိုင်ရပ်တည်ရန် အတွက်လည်းကောင်း၊ အများနှင့်အတူနေထိုင်ရန်အတွက်လည်းကောင်း အခက်အခဲရှိသူများကို ရှာဖွေစာရင်း ပြုစုနိုင်ရမည်။

သီးခြားနေရာထိုင်ခင်း (Individual Housing) များတွင်

===============================

📌 နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက်၍ စီစစ် အတည်ပြုပေးရမည်။

📌နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များ နှင့် အခွင့်အရေးဆိုင်ရာ အကြောင်းများ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။

📌နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်း နှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan) တို့အား ဆောင်ရွက်ပေးရမည်။

📌နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Program officer ထံသို့ အချိန်မီ တင်ပြရပါမည်။

📌နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။

📌နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များကို Program Manager နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။

📌ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ် ပေးရမည် ဖြစ်ပြီး အချိန်နှင့် တပြေးညီ တာ၀န်ခံထံသို့ တင်ပြရပါမည်။

📌 နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း စိစစ်ရွေးချယ် ကျင်းပ ပေးရမည်။

📌လစဥ်သွားရောက် ကြည့်ရှူ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးရမည်။

📌 လစဉ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ရေးသားပြုစု၍ Program Manager ထံ တင်ပြရမည်။

အတွေ့အကြုံလိုအပ်ချက်

===============

📌 Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

📌 အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။

📌 လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။

📌 လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရမည်။

📌စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

📌အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

📌အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

📌အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

📌လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

📌ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

📌English စာ တတ်ကျွမ်းသူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရန်

+++++++++++++++

လျှောက်ထားလိုသူများသည် 𝐄𝐦𝐚𝐢𝐥: [email protected] သို့ အောက်ပါအချက်

အလက်များ ပြည့်စုံစွာ ပူးတွဲ ပေးပို့ လျှောက်ထားနိုင်သည်။

📌ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာ ထည့်သွင်း ရေးသားထားသည့် CV Form ( မြန်မာဘာသာဖြင့်)

📌ပညာအရည်အချင်းလက်မှတ်များ

📌ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်း ဖော်ပြရန်။

အသေးစိတ်မေးမြန်းလိုပါက :

Admin Dept.

Phone & Signal No.- +66 626 874 266

Email: [email protected] / [email protected]

#new_myanmar_foundation

June 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...