အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် စိတ်ပါဝင်စားသူများအတွက် ဝန်ဆောင်မှုအထောက်အပံ့ လျှောက်လွှာခေါ်ယူခြင်း

Jul 22, 2025 | ANNOUNCEMENT, live stock | 0 comments

မင်္ဂလာပါ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။

နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခု အခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအဖြင့် အသေးစားမွေးမြူရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်အသစ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ် ပါ၍ မိမိတို့ နေအိမ်၊ခြံဝင်း၊ မြေနေရာအတွင်း အသေးစား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အသေးစား လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်း ကောင်းပါးအပ်ပါသည်။

အစီအစဉ်အကြောင်းအရာ

လုပ်ငန်းစဉ်ကာလ

➡️ ၆ လ (၂၀၂၅ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ)

လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက်

➡️ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု ၄၀၀ အတွက်

(လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မဲဆောက်အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

ထောက်ပံ့ပေးမည့်အမျိုးအစား

1️⃣ မွေးမြူရေး

📌ကြက်မွေးမြူခြင်း တအိမ်ထောင်လျှင် ဥစားကြက် (၄)ကောင်နှုန်းဖြင့် အိမ်ထောင်စု ၂၃၀ အတွက် (သို့မဟုတ်)

📌ဆိတ်မွေးမြူခြင်း တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့်(အိမ်ထောင်စု ၇၀အတွက်)

2️⃣ စိုက်ပျိုးရေး

📌မျိုးစေ့

📌မြေဩဇာ

📌လိုအပ်သော စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ခြင်း (အိမ်ထောင်စု ၁၀၀အတွက်)

အထက်ဖော်ပြပါ ထောက်ပံ့မှုအတွက် New Myanmar Foundation မှ

⚠️ လျှောက်လွှာလျှောက်ထားလာသော မိသားစုဝင်များထဲမှ ရွေးချယ်ခံရသော မိသားစုဝင်များ၏ လုပ်ကိုင်မည့် တည်နေရာအရောက် ထောက်ပံ့မည့် ပစ္စည်းများအား ပို့ဆောင်ပေးခြင်း နှင့် အပြီးအပိုင်ပေးအပ်ခြင်း။

⚠️ စိုက်ပျိူးမွေးမြူရေးတွင် ကျွမ်းကျင်သော လက်တွေ့လုပ်ငန်းဆိုင်ရာ အကြံပေးရေးအရာရှိမှ အိမ်တိုင် ရာရောက် (လိုအပ်ပါက) သင်ကြားပို့သပေးခြင်း

⚠️ လုပ်ငန်းလုပ်ဆောင်မည့် Project ကာလ ၆ လတာအတွင်း လစဉ်လုပ်ငန်းတိုးတက်မှုများအား လာရောက် စစ်ဆေးပေးခြင်း။

📌 သို့ပါ၍ ဖော်ပြပါ အစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထား ပါဝင်နိုင်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

လျှောက်ထားနိုင်ရန်နည်းလမ်းများ

➡️ နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း

လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸

https://forms.gle/bqSKfb2er1zYStA39

( သို့မဟုတ် )

➡️ နည်းလမ်း (၂) အောက်ဖော်ပြပါ နမူနာလျှောက်လွှာဖောင်အား တိုက်ရိုက်ဒေါင်းလော့ခ်ဆွဲ၍ ပုံစံတူလက်ရေးဖောင်ဖြည့်သွင်းပြီး တာဝန်ခံ၏ စင်ဂနယ်ဖုန်းနံပါတ်သို့ပြန်လည်ပေးပို့၍လျှောက်ထားနိုင်ပါသည်။

https://drive.google.com/…/1wYzRbzZdj1q9IXbaV0W…/view…

( သို့မဟုတ် )

➡️ နည်းလမ်း (၃) အစီအစဉ်နှင့်ပက်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ လက်ရေးဖောင်အား ဒေါင်းလော့ခ်မပြုလုပ်တတ်ခြင်း၊ မရှင်းလင်းသည်များ နှင့် မေးမြန်လိုသည်များ ရှိပါက လုပ်ငန်းစဉ် တာဝန်ခံထံ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

ဆက်သွယ်ရန်

☎️ တာဝန်ခံ ဖုန်းနံပါတ်/𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် – +𝟔𝟔 𝟔𝟐𝟎 𝟔𝟖𝟖 𝟐𝟕𝟗

📲 𝐒𝐢𝐠𝐧𝐚𝐥 𝐮𝐬𝐞𝐫𝐧𝐚𝐦𝐞… @𝐟𝐢𝐞𝐥𝐝𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫.𝟎𝟏

📧 Email – [email protected]

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...