အခြေခံကွန်ပျုတာသင်တန်းအတွက် သင်တန်းဆရာခေါ်ယူခြင်း

May 16, 2025 | ANNOUNCEMENT, Basic Computer Training | 0 comments

ရာထူး – အခြေခံကွန်ပြူတာသင်တန်းဆရာ (𝗕𝗮𝘀𝗶𝗰 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗧𝗿𝗮𝗶𝗻𝗲𝗿)
အဖွဲ့အစည်း – 𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍
နေရာ – မဲဆောက်
အစမ်းခန့်ကာလ – ၃ လ
လျှောက်လွှာလက်ခံမည့်ကာလ – ၁၆.၅.၂၀၂၅ မှ ၂၁.၅.၂၀၂၅ ထိ
လုပ်အားခ – သင်တန်း တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
အစီရင်ခံရမည့်သူ – 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿
နယူးမြန်မာဖောင်ဒေးရှင်းမှ မဲဆောက်တွင် အသစ်ဖွင့်လှစ်မည့် face to face အခြေခံကွန်ပျုတာသင်တန်းများတွင် သင်ကြားပေးရန် ကွန်ပျုတာ ကောင်းစွာသင်ကြားနိုင်မည့် သင်တန်းဆရာတဦးအားခေါ်ယူနေပါသည်။ ယခုအစီအစဥ်သည် မဲဆောက်ရောက် မြန်မာနိုင်ငံသူ/ နိုင်ငံသားများ၏အကျိုးအတွက် ရည်ရွယ်ထားသည် ဖြစ်ပါ၍ စိတ်အားထက်သန်ပြီး အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။
လုပ်ဆောင်ရမည့်တာ၀န်များ
📌 ကွန်ပျုတာအခြေခံသင်တန်းများအား နှစ်လ လျှင် (၃) ကြိမ်၊ တစ်ကြိမ်လျှင်လူဦးရေ (၁၀) ဦး နှင့် အထက်ရှိသော သင်တန်းသား များအား ကိုယ်တိုင် သင်ကြားပေးရမည်။
📌 သင်တန်းသားများအား Microsoft Office နှင့် အင်တာနက်များ ကဲ့သို့သော အခြေခံနည်းပညာအက်ပလီကေးရှင်း၊ ဆော့ဝဲလ် (Application) များဖြင့် ကူညီပံ့ပိုးပေးရမည်။
📌 သင်တန်းကာလအတွင်း လက်စွဲလမ်းညွှန်များပံ့ပိုးပေးပြီး အခြားအထောက်အကူများကိုအသုံးပြု၍ သင်ကြားပြသ ပေးရမည်။
📌 သင်ရိုးများ ပြင်ဆင်ပေးရမည်။
📌 သင်တန်းသားများ၏ တက်မြောက်မှုနှင့် တိုးတက်မှုအား မျက်ခြေမပြတ်ကြည့်ရှု၍ လိုအပ်သော တုံ့ပြန်ချက် (Feedback) များ ပေးရမည်။
📌 ကောင်းမွန်အကျိုးရှိသော သင်ယူလေ့လာရေး၀န်းကျင်တခုဖြစ်ပေါ်လာစေရန် အားထုတ်ပေးရမည်။
📌 သင်တန်းနှင့်ပတ်သက်၍ သင်တန်းသားခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ အစီရင်ခံစာရေးဆွဲတင်ပြခြင်းတို့ကို လစဥ် ပြုလုပ်ပေးရမည်။
လိုအပ်ချက်များ
📌 ကွန်ပျူတာနှင့် သက်ဆိုင်သော အသိအမှတ်ပြုလက်မှတ်များ၊ Diploma ၊ နှင့် ဘွဲ့လက်မှတ် တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
📌 ကွန်ပျုတာသင်ကြားရေးပိုင်းဆိုင်ရာအတွေ့အကြုံ (၃) နှစ်ရှိသူဖြစ်ရမည်။
📌 ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
📌 စိတ်ရှည်ပြီး ယခုမှစသင်ကြားသူများနှင့် တွဲဖက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
📌 Microsoft Office Suite နှင့် အင်တာနက်ပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းသူဖြစ်ရမည်။
📌 သင်ကြားရေးတွင် စေတနာပါ၍ ကူညီလိုစိတ်ရှိသူဖြစ်ရမည်။
အခြား
📌 Project ကာလတွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။
လျှောက်လွှာတင်ရန် : [email protected]
📌 Cover letter နှင့် CV Form (မြန်မာဘာသာဖြင့်) အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
📌 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
📌 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
📌 လူတွေ့အင်တာဗျူးအတွက် ပဏာမရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮𝟲 𝟴𝟳𝟰 𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...