(မတ်လ) အတွင်း ဧပြီလ နှင့် မေလ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ကြောင်း သတင်းစကားပါးခြင်း

Mar 3, 2025 | ANNOUNCEMENT, Food Support | 0 comments

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။

New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –

(မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်း သူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိ သူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။

အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။

၁။ အရပ်သား CDM များ ၏ မိသားစုဝင်များ

၂။ မိသားစုဝင် (၄) ဦးထက်ပိုသည့် စစ်/ရဲ CDM များ

၃။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ

၄။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများ

➡ အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။

➡ မိသားစု ဝင်ငွေရှိသူများ အနေဖြင့် လျှောက်ထား၍ မရပါ။ (လူသစ်/လူဟောင်း) အားလုံးနှင့် သက်ဆိုင်ပါသည်။

မှတ်ချက် (၁) ။ ။ ရိက္ခာလျှောက်ထားရမည့်ကာလ ၄-၃-၂၀၂၅ ရက်နေ့မှ ၁၄-၃-၂၀၂၅ ရက်နေ့(ရုံးဖွင့်ရက် ရုံးချိန်အတွင်း) မှာ – ရိက္ခာဝေ အစီအစဉ် ရှိခဲ့ပါက အပြောင်းအလဲ ရှိနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ရှင့်

မှတ်ချက် (၂) ။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ နှင့် မတ်လ (၂) လစာ အတွက် ရိက္ခာလျှောက်ထားသောသူများအား ရိက္ခာဝေမည့် အစီအစဉ်သည် အလှူရှင်အပေါ်မူတည်ပြီး ရိက္ခာဝေရက် သတ်မှတ်ရခြင်း ဖြစ်သည့်အတွက် အလှူရှင် ဆက်သွယ်လာပါက ရိက္ခာဝေမည့် ရက်အား ကြေညာပေးသွားမည် ဖြစ်ပါသည်။

မှတ်ချက် (၃) ။ ။ လူဟောင်းများ အနေဖြင့် ဖေဖော်ဝါရီ နှင့် မတ်လ (၂) လစာ အတွက် ရိက္ခာမရသေးသော်လည်း ရိက္ခာလျှောက်ရမည့် သတ်မှတ် ကာလအတွင်း ရိက္ခာပြန်လျှောက်လိုကြောင်းကို Signal မှ စာဖြင့်ရေးသား၍ သတ်မှတ်ထားသည့် ရက်များ အတွင်း စာဖြင့် (၁) ကြိမ်သာ ရေးပို့ကြပါရန် ကြိုတင်ပန်ကြားအပ်ပါသည်။

မှတ်ချက် (၄) ။ ။ လူသစ်များ အနေဖြင့် ရုံးဖုန်း (၀၆၅၉၂၅၂၁၇၃) သို့ ဖုန်းတိုက်ရိုက်ဆက်လျှောက်ထားရန် လိုအပ်ပါကြောင်း နှင့် လူဟောင်း ဆရာ/ဆရာမများ၏ မိသားစုဝင်များ ထပ်တိုးလာပါက ထိုသူများကိုလည်း လူသစ် အနေဖြင့် သတ်မှတ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ရှင့် ။

ရိက္ခာလျှောက်ထားမှုပုံစံ

📝 ရိက္ခာလျှောက်ရန် ရုံးဖုန်း (၀၆၅၉၂၅၂၁၇၃) သို့ ရိက္ခာလျှောက်ရန် ကြေညာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီအတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လည်းကောင်း ၊ လူဟောင်းများ အနေဖြင့် Signal မှ စာပို့၍ လည်းကောင်း လျှောက်ထားရမည် ဖြစ်ပါသည်။

📝 New Myanmar Foundation ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်ပါက Signal တွင် စာပို့မေးမြန်းထားနိုင်ပါသည်။ ထိုင်းရုံးပိတ်ရက်များကိုလည်း Facebook Page တွင် ကြိုတင်ကြေညာပေးလေ့ရှိပါသည်။

ရိက္ခာအခက်အခဲရှိသူများအနေဖြင့် ၂၀၂၅ ဧပြီ နှင့် ‌မေ (၂) လစာအတွက် ( မတ် ၄ ရက် နေ့ မှ မတ် ၁၄ ရက်နေ့ အထိ) ရုံးဖွင့်ရက် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ သတ်မှတ်ထားသည့် ရက်များအတွင်း ဖုန်းတိုက်ရိုက်ဆက် လျှောက်ထားပေးရန် လိုပါသည်။

ဆက်သွယ်မေးမြန်းရန်

𝐁𝐚𝐬𝐢𝐜 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫

𝗛𝗮𝘆 𝗠𝗮𝗿

New Myanmar Foundation

Phone: +𝟲𝟲 𝟲𝟱𝟵 𝟮𝟱𝟮 𝟭𝟳𝟯

Signal: 𝟬𝟲𝟱𝟵𝟮𝟱𝟮𝟭𝟳𝟯

[email protected]

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...