𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍 မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါ သည်။
လျှောက်လွှာလက်ခံမည့်ကာလ : ၁၁.၂.၂၀၂၅ မှ ၂၅.၂.၂၀၂၅ အထိ
နေရာ : မဲဆောက်
လစာ : ဘတ် ၁၀၀၀၀
အစီရင်ခံရမည့်သူ : Executive Director
လုပ်ဆောင်ရမည့်တာ၀န်များ
M&E Officer သည် စီမံကိန်းများ၏ ရလာဒ်များအား အချိန်နှင့် တပြေးညီ စောင့်ကြည့်လေ့လာ အကဲဖြတ်ပေးရမည်။
M&E Officer သည် လေ့လာစောင့်ကြည့် အကဲဖြတ်မှုများ ပြုလုပ်ရာတွင် စီမံကိန်းအလိုက် သင့်လျော်၍ ကိုက်ညီသော M&E တွက်ချက်မှုများ၊ နည်းလမ်းများဖြင့် လုပ်ဆောင်ရမည်။
စီမံကိန်း၏ တိုးတက်မှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် စီမံကိန်းတွင် ပါ၀င်သော လုပ်ဖော်ကိုင်ဖက်များကို သင့်လျော်သည့်/ ကောင်းမွန်သည့် လမ်းညွှန်မှုများ ပြုလုပ်ပေးရမည်။
M&E Officer သည် စီမံကိန်းများ၏ ရလာဒ်များနှင့် ပတ်သက်၍ မှန်ကန်၊ အထောက်အကူဖြစ်စေသော အစီရင်ခံစာများကို အဖွဲ့အစည်းအတွက် ထုတ်ပြန်ပေးရမည်။
စီမံကိန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းတခုလုံးအပေါ်တွင်လည်းကောင်း အပြုသဘောဆောင်သော အကဲခတ်ဖြတ် အကြံပြုမှုများကို လုပ်ဆောင်၍ အုပ်ချုပ်မှုဒါရိုက်တာထံသို့ တင်ပြဆွေးနွေးရမည်။
ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းများတွင် ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်ရမည်။
M&E နှင့် ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများကို လိုအပ်သည့်အတိုင်း ဖန်တီးဆောင်ရွက်ရမည်။
စီမံကိန်းအလှူရှင်များမှ ဖိတ်ကြားသော M&E ဆိုင်ရာ အစည်းအေ၀းများကို ဦးဆောင်တက်ရောက်ဆွေးနွေးရမည်။
စီမံကိန်းအဆိုပြုချက်များရေးသားရာတွင် M&E Framework များကို ၀င်ရောက်ရေးဆွဲပေးရမည်။
အတွေ့အကြုံလိုအပ်ချက်
𝗠𝗼𝗻𝗶𝘁𝗼𝗿𝗶𝗻𝗴 𝗮𝗻𝗱 𝗲𝘃𝗮𝗹𝘂𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူး နှင့် အလားတူ ရာထူးမျိုးတွင် (၃) နှစ်အထက် အတွေ့အကြုံရှိရမည်။
Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
NGO ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်သောအတွေ့အကြုံရှိရမည်။
ရုံးပိုင်းဆိုင်ရာပြသနာများကို ကောင်းမွန်မှန်ကန်စွာဖြေရှင်းနိုင်သော အတွေ့အကြုံရှိရမည်။
NGOs တွင် အလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။
ပညာအရည်အချင်း
ဘွဲ့ရရှိသူဖြစ်ရမည်။
M&E Mechanism များအား ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရမည်။
MS Office, Google Drive, Social Media Skill များ ကောင်းမွန်ရမည်။
English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။
Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။
အခြား
New Myanmar Foundation တွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။
ကားနှင့် ဆိုင်ကယ် မောင်းနှင်တတ်သူ ဦးစားပေးမည်။
လျှောက်လွှာတင်ရန် : 𝐧𝐞𝐰𝐦𝐲𝐚𝐧𝐦𝐚𝐫𝐨𝐟𝐟𝐢𝐜𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
Cover letter နှင့် CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက :
Admin Dept
Phone Number – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
Signal Number – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
Email – [email protected]
HR & Admin Department
NEW MYANMAR FOUNDATION

