စစ်တပ်မှ အာဏာသိမ်းခြင်း (၄) နှစ်မြောက်နေ့ ပြည်သူသို့ ပေးပို့သောသဝဏ်လွှာ

Feb 1, 2025 | ANNOUNCEMENT, Statement | 0 comments

                                                                                                                                                      နေ့စွဲ – ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၅ ခုနှစ်

လေးစားချစ်ခင်ရပါသော မြန်မာပြည်သူ/သားအပေါင်းအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့သည် စစ်တပ်မှ မတရားအာဏာသိမ်းကာ ပြည်သူရွေးချယ် တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရကို ဖယ်ရှားခဲ့သည်မှာ (၄)နှစ်တင်းတင်းပြည့်သောနေ့ ဖြစ်ပါသည်။ ပြည်သူများက အာဏာသိမ်းမှုကို လုံး၀ လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများကို စစ်အာဏာရှင်များမှ အကြမ်းဖက်နှိမ်နင်းသဖြင့် ပြည်သူများမှ ရရာ လက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက်နေခဲ့ကြရပါသည်။ တော်လှန်ရေးအင်အားစုများသည် တစတစကြီးထွား အားကောင်းညီညွတ်လာမှုကြောင့် ယခုအခါမြို့ပေါင်း (၉၀) ကျော်ကို လုံး၀ဥဿုံသိမ်းပိုက်အုပ်ချုပ်နိုင်ပြီ ဖြစ်ပါသည်။ စစ်တပ်မှ ပြန်လှန်တိုက်စစ်ဆင်သိမ်းပိုက်နိုင်ခဲ့သော မြို့တစ်မြို့မှ မရှိခဲ့ခြင်းကြောင့် စစ်တပ်အနေဖြင့် ပြိုကွဲပျက်စီးတော့မည် ဖြစ်ကြောင်း ပေါ်လွင်လှပါသည်။

၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော အနှစ် (၆၀) ကျော် စစ်တပ်အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူများသည် စစ်ကျွန်ဘ၀ဖြင့် လူ့အခွင့်အရေး၊ လူမျိုးစုအခွင့်အရေးများလုံး၀ဆုံးရှုံးကာ ကမ္ဘာ့အလယ်တွင်လူတောမတိုး ၊ လူတန်းမစေ့၊ သိမ်ငယ်ညှိုးနွမ်းစွာ နေခဲ့ရပါသည်။ ပြည်သူသန်းနှင့်ချီ၍ အိမ်နီးချင်းနိုင်ငံများတွင် ခေါင်းပုံဖြတ် အစော်ကားခံကာ ရပ်တည်လုပ်ကိုင်နေကြရပါသည်။ ထို့အပြင် စစ်တပ်မှ တော်လှန်ရေးအင်အားစုများ၏ ရေသောက်မြစ်သည် ဒေသခံပြည်သူများဖြစ်သည်ဟု စွပ်စွဲကာ ပြည်သူများကို အကြမ်းဖက်ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်လျက်ရှိရာ ပြည်သူအပေါင်းသည် အတိဒုက္ခ ကြီးမားစွာခံစားနေကြရပါသည်။

စစ်အုပ်ချုပ်ရေးကို အမြစ်ဖြတ်ဖယ်ရှားပြီး ပြည်သူများ၏လူ့အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်‌ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်ကို တည်ဆောက် နိုင်မှသာလျှင် မြန်မာပြည်သူတရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ စည်းလုံးညီညွတ်စွာရှိပြီး မြန်မာပြည်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲ တိုးတက်အောင်မြင်ပါမည်။

သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံးအမြစ်ဖြတ်ဖယ်ရှားပစ်ကြပါရန် ပန်ကြားအပ်ပါသည်။ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ပေးခဲ့သော တော်လှန်ရေးအင်အားစုများအားလုံး အထူးသဖြင့် ညီနောင်၃ဖွဲ့အားလည်း အထူးပင် ဂုဏ်ပြုချီးကျုးပါသည်။ ဒီမိုကရေစီတိုက်ပွဲ၊ တိုင်းရင်းသားအခွင့်အရေးတိုက်ပွဲများ တွင် အသက်၊သွေး၊ချွေး ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအားလည်း လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်။ စစ်တပ်နှိပ်စက်ခြင်းနှင့် ညှဥ်းပန်းမှုမျိုးစုံ ကို ခံစားခဲ့ရသော၊ ခံစားနေကြရသော ပြည်သူအပေါင်းအတွက်လည်း ညှိုးငယ်စွာဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။

မြန်မာပြည်သူများ စစ်ကျွန်ဘ၀မှ အမြန်ဆုံးလွတ်မြောက်ကြပါစေ။

ဆက်သွယ်ရန်

ဒေါက်တာစန်းအောင်       Phone  – 081 052 4966,             

မခိုင်ဝတ်ရည်                 Phone  – 099 010 4090

https://newmyanmarfoundation.org/wp-content/uploads/2025/01/Feb-1-2025.pdf

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...