အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၁) အတွက်သင်တန်းသားခေါ်ယူခြင်း

Jan 9, 2025 | ANNOUNCEMENT, Thai Language | 0 comments

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံ အွန်လိုင်း ထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၁) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင်ပါသည်။

ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

👉 1. 𝗖𝗹𝗮𝘀𝘀 𝗔: တနင်္လာ, အင်္ဂါ, ကြာသပတေး, ညနေ ၇ နာရီ မှ ၉ နာရီ

👉 2. 𝗖𝗹𝗮𝘀𝘀 𝗕: တနင်္လာ, ဗုဒ္ဓဟူး, သောကြာ, ညနေ ၇ နာရီ မှ ၉ နာရီ

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇန်နဝါရီလ (၉) ရက်နေ့ မှ (၁၆) ရက် နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ဦးစွာလျှောက်ထားသူ (၁၅၀) ဦးအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၅၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၂၅) ဦး နှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၅၀) ဦး ကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မိမိအဆင်ပြေနှစ်သက်ရာ တန်းခွဲအား ရွေးချယ် တက်ရောက်နိုင်ပါသည်။ သင်တန်းသည် အခမဲ့ဖြစ်ပြီး တက်ရောက်ခွင့် ရရှိသူသင်တန်းသားများအား လစဉ် 𝗗𝗮𝘁𝗮 𝗙𝗲𝗲𝘀 ပေးအပ်မည်ဖြစ်ပါသည်။

လျှောက်ထားသူများအနေဖြင့်လည်း သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စား၍ ပြီးဆုံးအောင် တက်ရောက်နိုင် မှသာ လျှောက်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို 𝗘𝗺𝗮𝗶𝗹 (သို့) 𝗦𝗶𝗴𝗻𝗮𝗹 မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်သော်လည်း သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည်မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါ သည်။ သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ 𝗘𝗺𝗮𝗶𝗹 (သို့) 𝗦𝗶𝗴𝗻𝗮𝗹 လိပ်စာ/ ဖုန်းနံပတ် များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/66taZhpoK129Bu449

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

𝗣𝗵𝗼𝗻𝗲: +𝟲𝟲𝟲𝟯𝟯𝟴𝟰𝟵𝟵𝟭𝟬

𝗦𝗶𝗴𝗻𝗮𝗹/𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: +𝟲𝟲𝟵𝟮𝟳𝟴𝟯𝟯𝟮𝟲𝟮

𝗘𝗺𝗮𝗶𝗹: 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲.𝗻𝗺𝗳@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...