နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၉) သင်တန်းဖွင့်ပွဲအခမ်းအနား

Dec 18, 2024 | Sewing machine | 0 comments

𝗝𝗮𝗽𝗮𝗻’𝘀 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲-𝗢𝗗𝗔 ၏ ပံ့ပိုးကူညီမှုဖြင့် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၄၉) ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၈ ) ရက်နေ့၊ ညနေ ( ၃.၀၀ ) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာဖောင်ဒေးရှင်း၏ စက်ချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီးသင်တန်းသူ (၉) ဦး နှင့် အမျိုးသမီး (၂) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။

ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာစန်းအောင် မှ အခြေခံမော်တာ စက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား 𝗝𝗮𝗽𝗮𝗻’𝘀 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲-𝗢𝗗𝗔 မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ် အလုပ်အကိုင်အား အလွယ်တကူရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားရှာဖွေပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာမဒေါ်သီတာ မှ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြ သော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ ကူညီဆောင်ရွက်နေ မှုများနှင့် မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင်ပါကြောင်း၊ အချင်းချင်း ဗဟုသုတမျှဝေနိုင်ရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် 𝗦𝗶𝗴𝗻𝗮𝗹 𝗚𝗿𝗼𝘂𝗽 များ ဖွဲ့ပေးထားခြင်းဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်း သား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံး သည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက်မွေး ဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်တို့ ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် ကိုညီညီဦး မှ လည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...