နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်ရောက်မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကြောင်း သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိပါသည်။ ထိုသင်တန်းများထဲမှ ဆံပင်ညှပ်သင်တန်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အမျိုးသား/သမီး ဆံပင်ညှပ်သင်တန်းများကို စက်တင်ဘာလ၊ ၁၂ရက်၊ ၂၀၂၂ခုနှစ် မှ စတင်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။
သင်တန်းအပတ်စဉ် (၁)ကို တစ်လကြာဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား (၁၀)ဦး၊ သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ပြီး ထိုအထဲမှ သင်တန်းသား (၆)ဦး၊ သင်တန်းသူ (၇)ဦး ကို အလုပ်အကိုင်ချိတ်ဆက် ရှာဖွေပေးနိုင်ခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၂)ကို (၅)ပတ်ကြာဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား (၁၀)ဦး၊ သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား (၅)ဦး၊ သင်တန်းသူ (၈)ဦး ကို အလုပ်အကိုင်ချိတ်ဆက် ရှာဖွေပေးနိုင်ခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၃)ကို (၅)ပတ်ကြာဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား (၁၂)ဦး၊ သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသူ (၃)ဦး ကို အလုပ်အကိုင်ချိတ်ဆက် ရှာဖွေပေးနိုင်ခဲ့ပါသည်။
ထို့ကြောင့် ဤသင်တန်းသည် မဲဆောက်ရှိ မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အမှန်တကယ် အကျိုးရှိသော အစီအစဉ်ဖြစ်ပါသည်။ သို့သော် ယခုအခါ ဆံပင်ညှပ် သင်တန်းကို ဆက်လက်ဖွင့်သင်ကြားနိုင်ရန်အတွက် ရံပုံငွေ အခက်အခဲများ ရှိနေပါသည်။ ဤသင်တန်းဖြစ်မြောက်ရေး အတွက် “the Smile Project and the overseas Burmese community” မှ အထောက်အပံ့အနည်းငယ်ကိုသာ လက်ခံရရှိပြီး အခြား Fundraiser များမှ အကူအညီများ ရရှိခဲ့ခြင်းမရှိပါ။
သို့ပါသောကြောင့် နိုင်ငံတကာနှင့်မဲဆောက်ရောက်မြန်မာ့ပြည်သူ/သား တစ်ဦးချင်းမှ မိမိတို့တတ်စွမ်းသလောက် ပါဝင်ကူညီ ထောက်ပံ့ပေးကြပါရန် NMF မှ လေးစားစွာ မေတ္တာရပ်ခံလိုပါသည်။ ဤသင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးနိုင်ပါက မဲဆောက်ရောက် မြန်မာပြည်သူ/သားများ လိုအပ်နေသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်သည့်အပြင် သင်တန်းသူ/သားများ၏ ဘဝရပ်တည်ရေးအတွက်လည်း အတတ်ပညာတစ်ခုကို ပေးစွမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။
နိုင်ငံတကာနှင့်မဲဆောက်ရောက် မြန်မာပြည်သူ/သားများအနေဖြင့် New Myanmar Foundation ၏ ဆံပင်ညှပ်သင်တန်း ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် နည်းများမဆိုပါဝင်ကူညီ ထောက်ပံ့ပေးလိုပါက –
New Myanmar Foundation ၏ ဘဏ်အကောင့်နံပါတ်__
Bank Account in Thailand
First Name: AUNG
Last Name: SANN
Account Number: 96-000-629-89, Bangkok Bank
Address: 88/7-8 INTARAKIRI ROAD, MAESOT, TAK 63110
Phone: +66555335646,
FAX: +6655533567,
Swift Code: BKKBTHBKXXX သို့တိုက်ရိုက်ငွေလွှဲ လှူဒါန်းနိုင်ပါသည်။ (သို့မဟုတ်)
မဲဆောက်မှ အလှူရှင်များအနေဖြင့် ငွေလွှဲရန်အခက်အခဲရှိပါက လှူဒါန်းငွေကို အိမ်တိုင်ရာရောက် လာရောက်ယူပေးမည် ဖြစ်ပါသည်။ လက်ခံရရှိငွေကိုဂုဏ်ပြုမှတ်တမ်း ထုတ်ပေးသွားမည် ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက နယူးမြန်မာဖောင်ဒေးရှင်း၏ ရုံးဖုန်းနံပါတ် – (+၆၆) ၀၆၂၆၈၇၄၂၆၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

