ထိုင်းစကားပြောသင်တန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် အလှူခံခြင်း

Jan 11, 2023 | Language Training | 0 comments

၂၀၂၂ခုနစ်၊ မတ်လမှ စတင်ကာ နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန့်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားသူများအတွက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ မြန်မာပြည်သူများ မဲဆောက်နှင့် ထိုင်းနိုင်ငံတွင်းနေထိုင်စဥ် ကြုံတွေ့ရသည့်အခက်အခဲများအနက် ဘာသာစကား အခက်အခဲသည် ရှောင်လွှဲမရသော အခက်အခဲတစ်ခုဖြစ်သည်။ နေ့စဥ်လူမှုဘဝတွင် ထိုင်းဘာသာစကားကို မပြောမဖြစ်ပြော၍ ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းနေထိုင်စဥ် လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သတ်၍ ထိုင်းဘာသာစကားဖြင့် ပြောဆိုဖြေရှင်းရမည့်အခါတွင်လည်းကောင်း၊ ကျန်းမာရေးနှင့်ပတ်သတ်၍ အရေးပေါ်အခြေအနေ တစ်စုံတရာနှင့်ကြုံတွေ့ခဲ့သည်ရှိပါက ထိုင်းဘာ သာစကားဖြင့် အကူအညီတောင်းကာပြောတတ်စေရန် ရည်ရွယ်ချက်များထားရှိကာ ထိုင်းဘာသာစကား သင်တန်းများကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါသည်။

ထိုင်းဘာသာစကားပြောသင်တန်းများသည် မဲဆောက်နှင့်ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများအတွက် အရေးပါသည့် အခန်းကဏ္ဌမှ ပါဝင်လျက်ရှိပါသည်။ သို့သော် ယခုအခါ ဤသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ရံပုံငွေအခက်အခဲများရှိနေပါသည်။ သင်တန်းအပတ်စဥ် (၁) မှ (၃) အထိ အချိန်ပြည့်သင်တန်းဆရာမတစ်ဦးမှ သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းဆရာမအား သင်တန်းအပတ်စဥ်တိုင်းအတွက် လစဥ် Honorarium ကြေးပေးအပ်ပါသည်။ ထို့အပြင် သင်တန်းများသည် အွန်လိုင်းမှတဆင့် သင်ကြားရခြင်းဖြစ်သည့်အတွက် Zoom Account Fee များကို လစဥ်ပေးဆောင်ရပါသည်။ ဤ သင်တန်းများဖြစ်မြောက်ရေးအတွက် မည်သည့် Fundraiser များထံမှ အကူအညီရခဲ့ခြင်းမရှိပါ။ ပုံမှန်တစ်လကို Thai Baht (12,000) ၊ USD (350) $ ကုန်ကျပါသည်။

သို့ပါသောကြောင့် မဲဆောက်နှင့် နိုင်ငံတကာရောက် မြန်မာပြည်သူ/သား တစ်ဦးချင်းမှ မိမိတို့တတ်စွမ်းသ၍ ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံလိုပါသည်။

နိုင်ငံတကာနှင့်မဲဆောက်ရောက် မြန်မာပြည်သူ/သားများအနေဖြင့် New Myanmar Foundation ၏ ထိုင်းဘာသာစကားပြောသင်တန်း ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် နည်း/များ မဆိုပါဝင်ကူညီ ထောက်ပံ့ပေးလိုပါက –

New Myanmar Foundation ၏ ဘဏ်အကောင့်နံပါတ်__

Bank Account in Thailand

First Name: AUNG

Last Name: SANN

Account Number: 96-000-629-89, Bangkok Bank

Address: 88/7-8 INTARAKIRI ROAD, MAESOT, TAK 63110

Phone: +66555335646,

FAX: +6655533567,

Swift Code: BKKBTHBKXXX သို့တိုက်ရိုက်ငွေလွှဲ လှူဒါန်းနိုင်ပါသည်။ (သို့မဟုတ်)

မဲဆောက်မှ အလှူရှင်များအနေဖြင့် ငွေလွှဲရန်အခက်အခဲရှိပါက လှူဒါန်းငွေကို အိမ်အရောက် လာရောက်ယူပေးမည်ဖြစ်ပါသည်။ လက်ခံရရှိငွေကို ဂုဏ်ပြုမှတ်တမ်း ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက နယူးမြန်မာဖောင်ဒေးရှင်း၏ ရုံးဖုန်းနံပါတ် – (+၆၆) ၀၆၂၆၈၇၄၂၆၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

June 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...