၂၀၂၃ ခုနစ် နှစ်သစ်အခါသမယမှစ၍ မြန်မာပြည်တွင်း၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများအားလုံး ကောင်းသောလိုအင်ဆန္ဒများပြည့်စုံပါစေကြောင်း၊ ငြိမ်းချမ်းသော၊ ပျော်ရွှင်ရသောနှစ်သစ်တစ်နှစ် ဖြစ်လာပါစေ ကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
နယူးမြန်မာဖောင်ဒေးရှင်း၏ ထိုင်းဘာသာစကားသင်တန်းအစီအစဥ်များကို ၂၀၂၃ ခုနစ်တွင်လည်း ဆက်လက်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သတင်းစကားပါးလိုပါသည်။
မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်ရစဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်းအပတ်စဥ် (၃) သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
ထို့နောက် သင်တန်းအပတ်စဥ် (၃) ကို ဒီဇင်ဘာလ (၁၉) ရက်၊ ၂၀၂၂ ရက်နေ့မှ စတင်ကာ Class A, Class B, Class C, Class D နှင့် Class E ဟူ၍ အတန်းခွဲ (၅) ခုခွဲထားပြီး အဆိုပါ အတန်းခွဲ (၅) ခုကို စေတနာ့ဝန်ထမ်း ဆရာ မတစ်ဦးမှ တစ်တန်းလျှင် တစ်နာရီခွဲနှုန်းဖြင့် တစ်နေ့လျှင် အချိန် (၅) ချိန် သင်ကြားပေးလျက်ရှိနေပါသည်။
ထိုင်းဘာသာစကားသင်တန်းများ စဥ်ဆက်မပြတ် တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းနှင့် သင်ကြားပေးသောဆရာနှင့်ပတ်သတ်၍ သင်တန်းသား/သူများ၏ သဘောထားအမြင်များ၊ ဝေဖန်အကြံပြုချက်များကို Evaluation Form များမှတဆင့် တောင်းခံရယူလျက်ရှိပြီး ရရှိလာသောအချက်အလက်များကိုလည်း အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်သည်။
ထိုင်းဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: [email protected] သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

