NewMyanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဥ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၄၉၉၀) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီးဖြစ်ပါသည်။
New Myanmar Foundation(NMF) ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဥ်တွင် လျှောက်လွှာ တင်မည့် သူများအနေဖြင့် အခြားအဖွဲ့အစည်းများတွင် ရိက္ခာလျှောက်ထားပြီးပါက NMFတွင် ထပ်မံမလျှောက်ကြရန် ဦးစွာ မေတ္တာရပ်ခံ အပ်ပါသည်။
NMF တွင် (၃)လစာ ရိက္ခာရရှိပြီးသူများအနေဖြင့် ရိက္ခာထုတ်ယူသည့်နေ့မှစ၍ (၂)လ ပြည့်ပါက ရိက္ခာဖောင် ပြန်လည်လျှောက်ရန် လိုအပ်ပါသည်။ အကယ်၍ (၂)လအတွင်း အခြားအဖွဲ့အစည်းများတွင် လျှောက် ထားခဲ့ပါက NMF တွင် ထပ်မံလျှောက်ရန် မလိုအပ်ပါ။
ရိက္ခာနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ရုံးချိန် နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၃၀) တနင်္လာနေ့မှ သောကြာနေ့ရက်များအတွင်း 0659252173 , 0993205137 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရိက္ခာလျှောက်ထားလိုသူများ အောက်ပါ Google Form တွင် ဖြည့်သွင်းလျှောက်ထားနိုင်ပါသည် ။https://docs.google.com/…/1FAIpQLScbxroDUSPmnv…/viewform
သတိပြုရန် ။ Google Form ဖောင်ပြီးပါက မိမိတင်သည့် လျှောက်လွှာရောက်မရောက်အား အထက်ပါ ဖုန်းများအား ဆက်သွယ်မေးမြန်းရန်လိုအပ်ပါသည်။

