အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲ

Jul 23, 2024 | Activities, Sewing machine, VOCATIONAL TRAINING | 0 comments

ရက်စွဲ။ ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်။

New Myanmar Foundation ၏ ၂၅-၆-၂၀၂၄ မှ ၂၃-၇-၂၀၂၄ ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်ပေးခဲ့သည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်ပညာရပ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကို (၂၃-၇-၂၀၂၄) ရက်နေ့ နံနက် (၁၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းအပတ်စဉ် (၃) ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၂၁) ဦး ရှိပါသည်။

သင်တန်းဆင်းပွဲတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director Dr. Sann Aung မှ Zoom Application (Online) မှ တစ်ဆင့် သင်တန်းကာလတစ်လျှောက် အကောင်းဆုံးသင်ကြားပေးခဲ့သော သင်တန်းဆရာမ (၂) ဦး နှင့်တကွ သင်တန်းအဆုံးထိ တစိုက်မတ်မတ် ကြိုးစားသင်ယူခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းဆရာမများနှင့်ဖြစ်စေ၊ သင်တန်းသားအချင်းချင်းဖြစ်စေ အဆက်အသွယ်မပြတ်စေပဲ အကူအညီလိုအပ်ပါက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီပေးနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ယခုစက်ချုပ်သင်တန်းသည် ပညာရပ်တစ်ခုအနေဖြင့်သာမက ချိတ်ဆက်နိုင်သော Network များကိုပါ ချိတ်ဆက် ပြုလုပ်ပေးနိုင်သည့်အတွက် သင်တန်းပြီးဆုံးသွားသော်လည်း အခက်အခဲ တစ်စုံတစ်ရာရှိပါက New Myanmar Foundation မှ ကူညီပေးရန် အသင့်ရှိနေကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက်လည်း ကြိုးစားရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့ရောက်ရှိနေသည့်နေရာတွင် မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရန် ကြိုးစားသင့်ကြောင်း၊ မိမိတို့အနေဖြင့်လည်းအကောင်းဆုံး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ မသိင်္ဂီမှ အခမဲ့ အခြေခံ မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃) အား သင်တန်းအစမှ ပြီးဆုံးသည်အထိ ကြိုးကြိုးစားစား အောင်မြင်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ကိုယ်တိုင်အင်္ကျီများ ချုပ်လုပ်သွားနိုင်ပြီး ဝတ်ဆင်ထားသည်များအား မြင်တွေ့ရသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ သက်ဆိုင်ရာ Group များမှ တစ်ဆင့် အချိန်မရွေး ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းများ အပြန်အလှန် တိုင်ပင်ခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း နှင့် New Myanmar Foundation ဘက်မှလည်း တတ်နိုင်သ၍ ကူညီပေးသွားမည်ဖြစ်ကြောင်း သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းသူများအချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင် သွားကြပြီး တစ်ဦးနှင့် တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် အလုပ်အကိုင်ကြိုးစားရှာဖွေကြရန် တို့ကို ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆရာမ (၂) ဦးမှလည်း ယခု စက်ချုပ်သင်တန်းကဲ့သို့သော မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် အသက်မွေးဝမ်းကျောင်းသင်တန်းကို ဖွင့်လှစ်ပေးသော ဒေါက်တာစန်းအောင်နှင့်တကွ နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့သားများကို အထူးပင် ကျေးဇူးတင်ပါကြောင်း၊ သင်တန်းကာလတစ်လျှောက် ဆရာမများ၏ သင်ကြားပြသပေးမှုများကို လေးစားလိုက်နာမှုဖြင့် အခက်အခဲများကြားမှ လုံ့လဝိရီယစိုက်ထုတ်ကာ သင်ယူခဲ့ကြသော သင်တန်းသူများကိုလည်း လေးစားဂုဏ်ယူပါကြောင်း၊ သင်တန်းသားများအနေဖြင့် စက်ချုပ်ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမများထံ အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် အကျိုးပြုကြစေ လိုကြောင်း နှင့် နောင်တစ်ချိန်တွင် သင်တန်းသားများကိုယ်တိုင် စက်ချုပ်သင်တန်းများ ပြန်လည်ပို့ချ နိုင်သည်အထိ ဆက်လက်ကြိုးပမ်း အားထုတ်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များနှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါသည်။ အဆိုပါ တင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ (၂၁) ဦးမှ ဖန်တီးချုပ်လုပ်ခဲ့သော အင်္ကျီလက်ရာများကို မဲပေးသည့်စနစ်ဖြင့် ရွေးချယ်စေခဲ့ပြီး ချုပ်လုပ်မှုအရည်အသွေးအကောင်းဆုံး သင်တန်းသား (၃) ဦးကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-၃ သင်တန်းတွင် စက်ချုပ်ပညာသာမက ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေသင်တန်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်စဉ်အတွင်း မတရားသဖြင့်ခိုင်းစေခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ လုပ်ခလစာများ အပြည့်အဝမရရှိခြင်း အစရှိသည်တို့အား ဖြစ်ပွားခဲ့ပါက တိုင်ကြားဆက်သွယ်နိုင်မည့် နည်းလမ်းများကိုလည်း မျှဝေပေးနိုင်ခဲ့ပါသည်။

April 2026

Mon Tue Wed Thu Fri Sat Sun
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း" အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌...

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ - မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊...

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ...

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင်...

New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ...

The Predatory Hegemon – Part 3

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ်...

The Predatory Hegemon – Part 2

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း - အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို...

The Predatory Hegemon – Part 1

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော်...