လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် မြန်မာပြည်အတွင်း ထွက်ပြေးတိမ်း ရှောင်နေရသူ (၁၈၀) ဦးအား ထောက်ပံ့ပေးခြင်းအစီအစဥ်တွင် ပါ၀င်လျှောက်ထားရန် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် လျှောက်လွှာများ ခေါ်ယူခဲ့ပါသည်။ လျှောက်ထားသူဦးရေ (၂၀၀၀) ကျော်ရှိခဲ့ပြီး ထိုအထဲမှ (၁၈၀) ဦးသာ ရွေးချယ် ထောက်ပံ့ခဲ့ရခြင်းဖြစ်ပါသည်။ ယခုအခါတွင် ရွေးချယ်ပြီးသော သတ်မှတ်လူဦးရေ (၁၈၀) ဦးကို ဆက်သွယ်အသိ ပေးခြင်းများ လုပ်ဆောင် နေလျက်ရှိပါသည်။
ရွေးချယ်ခြင်းမခံရသူများကို လူဦးရေများပြားသည့်အတွက် လျှောက်ထားသူ တစ်ဦးချင်း ဆက်သွယ်အသိပေး ခြင်း မပြုလုပ်နိုင်ခြင်းနှင့် အကြောင်းပြန်ကြားမှု နှောင့်နှေးခြင်းများ ရှိခဲ့သည့်အပေါ် ခွင့်လွှတ်နားလည်ပေးပါရန် အနူး အညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။ ယခုအစီအစဉ်တွင် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းခဲ့သော လျှောက်ထားလာသူများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။
ထိုကဲ့သို့ ရွေးချယ်ရာတွင် အခက်အခဲ၊ အကြပ်အတည်းများ အဆိုးဆုံးကြုံတွေ့နေရသူများကို ဦးစားပေး ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ မူအရ ရွေးချယ်ခဲ့ပြီး လူပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲဖြင့် ရွေးချယ်ခဲ့မှုလုံးဝမရှိခဲ့ပါ။ ကျောသား၊ ရင်သား ခွဲခြားပြီးရွေးချယ်ခဲ့မှု လုံးဝမရှိပါကြောင်း ပြောကြားလိုပါသည်။
အလားတူ အထောက်အပံ့ အစီအစဥ်များထပ်မံရရှိရန် မိမိတို့အနေဖြင့် အစွမ်းကုန် ဆက်လက် ကြိုးပမ်းနေ ပါသည်။ ရရှိပါက နယူးမြန်မာဖောင်ဒေးရှင်း၏ Facebook Page နှင့် Website တို့တွင် အချိန်နှင့်တပြေးညီ ကြေငြာ အကြောင်းကြားပေးသွားမည် ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်။
မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် စစ်ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
တာဝန်ခံ
ဖုန်းနံပါတ် – +66 63 532 2376
တယ်လီဂရမ်နံပါတ် – +66 63 532 2376
အီးမေးလ် – [email protected]

